မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, April 27, 2016

စောဂေါ်မူဒိုနှင့် ဥာဏ်လင်းအောင်တို့ ဂျပန်တွင် လုပ်မည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်မည်


ဂျပန်တွင် လုပ်မည့် စောဂေါ်မူဒိုနှင့် ဥာဏ်လင်းအောင်တို့ ပါဝင်သည့် မြန်မာ့ ရိုးရာ လက်ဝှေ့ပြိုင်ပွဲ ကြော်ငြာ (ဓါတ်ပုံ Saw Gaw Mu Doe facebook)

ဧပြီ ၂၇၊ ရန်ကုန်

ဂျပန်နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Zone 4 မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲသို့ မြန်မာ့လက်ဝှေ့ ကစားသမားများ ဖြစ်သည့် စောဂေါ်မူဒိုနှင့် ဥာဏ်လင်းအောင်တို့ သွားရောက် ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

အဆိုပါ Zone 4 မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဂျပန်နိုင်ငံရှိ မြန်မာ့ရိုးရာလက်ဝှေ့ချစ်သူများအသင်းက ဦးစီးကျင်းပပြီး မေ ၁ ရက်တွင် ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့ရှိ အိုလံပစ်အားကစားကွင်းရုံတွင် ပြုလုပ်သွားမည် ဖြစ်သည်။

Zone 4 မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် မြန်မာ့ရိုးရာလက်ဝှေ့ တွဲဆိုင်းနှစ်ခုအပြင် အခြားတွဲဆိုင်းများလည်း ပါဝင်ကာ စုစုပေါင်း တွဲဆိုင်း ၁၀ ခုခန့် ပါဝင်သွားမည် ဖြစ်သည်။ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားများပါဝင်သည့် အဓိကတွဲဆိုင်းတွင် စောဂေါ်မူဒိုက မွေထိုင်းနှင့် ကစ်ဘောက်ဆာကစားသမားဖြစ်သည့် နော်နက်ဆင် (ထိုင်း)၊ ဥာဏ်လင်းအောင်က ဂျပန်ကစားသမား ကာနီကို တို့နှင့် ယှဉ်ပြိုင် ထိုးသတ်ရမည် ဖြစ်သည်။

ဂျပန်ကစားသမား ကာနီကိုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်သည့် မြန်မာ-ဂျပန်ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာ့လက်ဝှေ့ကစားသမား သပြေညိုကို ရှုံးနိမ့်ခဲ့ဖူးသူ ဖြစ်သည်။

အဆိုပါပြိုင်ပွဲသည် ဂျပန် နိုင်ငံ၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ လေးကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး ရိုးရာလက်ဝှေ့ထည့်သွင်းကျင်းပနိုင်ရန် ဂျပန်ဝါရင့်ကစ်ဘောက်ဆာ ချန်ပီယံဟောင်း မစ္စတာ ဘိုဘာယာရှိနှင့် ညှိနှိုင်းရေးမှူးများအဖြစ် ရိုးရာလက်ဝှေ့ချစ်သူများအသင်းမှ မစ္စတာတာကာ မိုရိနှင့် မစ္စတာနိုရှိတို့က ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မဇ္ဈိမသတင်း by - ရွှေဘုတ်

Originally published at - http://mizzimaburmese.com/article/13599

No comments:

Post a Comment