
ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ စပိန် လာလီဂါက ရီးရဲလ် မက်ဒရစ်နဲ့ ပွဲကို အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ စီးတီး အလယ်တန်းလူ ဒေးဗစ် ဆေးဗားလ်က တံကောက်ကြော ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။
ပထမအကျော့ ဂိုးမရှိသရေကျတဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရမှာ ဖြစ်ပါတယ်။
အသက် ၃၀ ဆေးဗားကတော့ မေ ၂၈ ချန်ပီယံလိဂ် ဖိုင်နယ်ရောက်မှသာလျှင် ကြံ့ခိုင်မှု ပိုကောင်းမယ်လို့ ဆိုပါတယ်။
ပထမအကျော့မှာလည်း ယာယာတိုရေးက ပေါင်ဒဏ်ရာကြောင့် မပါနိုင်ပေမယ့် လက်ရှိမှာတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ရီးရဲလ်နဲ့ ပွဲမတိုင်ခင် ပြန်ကောင်းလာနိုင်တယ်လို့ ဆိုပါတယ်။
ဧပြီ ၄ ရက်မှာတော့ ရီးရဲလ်ကွင်းမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/147526

No comments:
Post a Comment