မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, May 31, 2016

ရဲဝတ္တရားနှောင့်ယှက်မှုဖြင့် ပီအက်စ်ဂျီ နောက်တန်း ကစားသမား ဖမ်းခံရ


ဆာဂျီအိုယေး။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

ပီအက်စ်ဂျီ နောက်တန်း ကစားသမား ဆာ အိုယေး (Serge Aurier) ကို မေလ ၃၀ ရက်နေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရဲအဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။

ရဲကို ၀တ္တရားနှောင့်ယှက်တဲ့ အတွက် အဖမ်းခံ ရတာလို့ ဒေသ သတင်းတွေမှာ ဖော်ပြ ပါတယ်။

အိုင်ဗရီကို့စ်က အသက် ၂၃ နှစ် အရွယ် ဘောလုံးသမားဟာ အရုဏ် မတက်ခင် နိုက်ကလပ် တခုက အပြန်မှာ ရဲနဲ့ ရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့ တယ်လို့ Europe 1 ရေဒီယိုက ကြေညာပါတယ်။

အိုယေးဟာ အသင်းနည်းပြကို ရိုင်းပြ စော်ကားတဲ့အတွက် ဖေဖော်ဝါရီလလယ်ကလည်း ဘောလုံးကစားခွင့် ဆိုင်းငံ့ခံခဲ့ရဖူးပါတယ်။

နည်းပြ ဘလန့်နဲ့ တခြား အသင်းဖော်တွေကို စော်ကားထားတဲ့ ဗွီဒီယိုကို အွန်လိုင်းပေါ် တင်ခဲ့တဲ့နောက် နည်းပြက အိုယေးကို ဘောလုံးကစားခွင့် ဆိုင်းငံ့ခဲ့ဖူးပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/152447

No comments:

Post a Comment