
ယူရို ၂၀၁၆ ပြိုင်ပွဲ အတွက် ရွေးချယ် လိုက်တဲ့ ဂျာမနီ လက်ရွေးစင် အသင်း ၂၃ ဦး စာရင်းမှာ တိုက်စစ်မှူး မာကိုရူးစ် ဒဏ်ရာကြောင့် ပါဝင် လာခြင်း မရှိပါဘူး။
ဒါပေမယ့် ဒဏ်ရာ ရရှိနေတဲ့ မန်ယူ ကွင်းလယ် ကစားသမား ရှဝိန်းစတိုင်ဂါတော့ လက်ရွေးစင် လူစာရင်းမှာ ပါဝင် လာပါတယ်။
အသက် ၂၇ နှစ်အရွယ် ဒေါ့မွန်တိုက်စစ်မှူး မာကိုရူးစ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ ဆေးအဖွဲ့ဆီကနေ ထောက်ခံချက် မရတဲ့ အတွက် မရွေးတာလို့ ဂျာမန် နည်းပြက ပြောပါတယ်။
အသက် ၃၁ နှစ် အရွယ် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါမှာလည်း ဒူးဒဏ်ရာ ရှိနေသလို ပြီးခဲ့တဲ့ မတ်လကတည်းက ကစားနိုင်ခြင်း မရှိသေးပါဘူး။
ဂျာမန်လူစာရင်းမှာ လီဗာပူး ကွင်းလယ် ကစားသမား အမ်ရီကန်၊ အာဆင်နယ်က အိုဇေးတို့လည်း ရွေးချယ်ခံ ထားရပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152584





No comments:
Post a Comment