Wednesday, June 1, 2016
ယူရိုပြိုင်ပွဲဝင်မည့် အင်္ဂလန် အသင်းတွင် မန်ယူ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ပါဝင်
အင်္ဂလန် အသင်းက ရွေးချယ်တဲ့ ဆန်ကာတင် နောက်ဆုံး ၂၃ ဦး ကစားသမား စာရင်းမှာ မန်ယူ အသင်းက ဆယ်ကျော်သက် တိုက်စစ်မှူး မားကပ်စ် ရပ်ရှ်ဖို့ဒ် ပါဝင် လာပါတယ်။
အသက် ၁၈ နှစ် အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သြစတြေးလျကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ လက်ရွေးစင် အသင်း အတွက် ပထမဆုံး ဂိုးကို သွင်းယူ ထားပါတယ်။
အင်္ဂလန် တိုက်စစ်မှာ လီဗာပူး တိုက်စစ်မှူး စတာရစ်၊ မန်ယူက ရွန်နီ၊ စပါးစ်က ဟယ်ရီ ကိန်းနဲ့ လက်ဆက် စတာက ဗာဒီတို့ ပါဝင် လာပေမယ့်လည်း ဒန်နီ ဒရင့် ၀ါတား ကတော့ ချန်ထားခြင်း ခံခဲ့ရ ပါတယ်။
နည်းပြ ဟော့ဒ်ဆန်ရဲ့ အင်္ဂလန်အသင်းဟာ လူငယ်ကစားသမား အများစုကို အခြေခံထားပြီး တသင်းလုံးရဲ့ ပျှမ်းမျှအသက်ဟာ ၂၅ နှစ်ဝန်းကျင် ရှိပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲအကြို နောက်ဆုံးပြင်ဆင်မှုအဖြစ် ဇွန်လ ၂ ရက်နေ့မှာ ပေါ်တူဂီအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ စီစဉ်ထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152613
Subscribe to:
Post Comments (Atom)
No comments:
Post a Comment