Wednesday, June 1, 2016
မြန်မာနှင့် တောင်ကိုရီးယား အမျိုးသမီးအသင်း ခြေစမ်းပွဲအကြို သတင်းစာ ရှင်းမည်
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းနဲ့ တောင်ကိုရီးယား လက်ရွေးစင် အမျိုးသမီး အသင်းတို့ရဲ့ နိုင်ငံတကာ ခြေစမ်းပွဲ အကြို သတင်းစာ ရှင်းလင်း ပွဲကို မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှာ ဇွန်လ ၃ ရက်နေ့ ပြုလုပ်သွားဖို့ ရှိနေ ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ လာမယ့် ဇူလိုင်လအတွင်း မန္တလေးမြို့မှာ ကျင်းပမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ၂၀၁၆ ဘောလုံးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကမ္ဘာ့အဆင့်ရှိတဲ့ တောင်ကိုရီးယား အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ကစားဖို့ စီစဉ်ထားပါတယ်။
ခြေစမ်းပွဲကို ဇွန်လ ၄ ရက်နဲ့ ၇ ရက်နေ့တွေမှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် AYA Bank ဖလား လေးနိုင်ငံ အမျိုးသား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကိုတော့ ရန်ကုန်မြို့မှာ ဇွန်လ ၃ ရက်ကနေ ၆ ရက်နေ့အထိ ယှဉ်ပြိုင်သွားမှာပါ။
ဒီပြိုင်ပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနဲ့ ဟောင်ကောင်အသင်းတွေ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/152623
Labels:
အမျိုးသမီးဘောလုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment