မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 1, 2016

အီတလီအသင်း လူစာရင်းတွင် ယော်ဂင်ဟိုနှင့် မွန်တိုလီဗိုတို့ ချန်လှပ် ခံရ




ဇွန် ၁၊ အီတလီ

အီတလီ နည်းပြ ကွန်တီသည် ယူရို ၂၀၁၆ ပြိုင်ပွဲဝင် အီတလီ အသင်း လူစာရင်းကို ထုတ်ပြန် ခဲ့ရာ ယော်ဂင်ဟိုနှင့် မွန်တိုလီဗိုတို့ အပြင် ကစားသမား အချို့ချန်လှပ် ခံခဲ့ရသည်။

နာမည်ရ ကွင်းလယ် ကစားသမားများ ဖြစ်သည့် ယော်ဂင်ဟိုနှင့် မွန်တိုလီဗိုတို့ အပြင် ဘိုနာဗန်တူရာ၊ အက်စ်တိုရီ၊ ရူဂါနီ၊ ဇာပါကော်စတာသည် ပဏာမ စာရင်းမှ ချန်လှပ် ခံခဲ့ရသည်။

ဝါရင့်ကစားသမားများဖြစ်သော ဘတ်ဖွန်၊ ချီလီနီနှင့် ဒီရော့စီတို့သည် အုပ်စု (င)တွင် ဘယ်လ်ဂျီယံ၊ အိုင်ယာလန်၊ ဆွီဒင်တို့ နှင့် တစ်အုပ်စုတည်းကျနေသော နည်းပြကွန်တီ၏အီတလီအသင်းကို ဦးဆောင်ကြမည်ဖြစ်သည်။

အေစီမီလန်တွင်အငှားကစားနေပြီး စိတ်ပျက်ဖွယ်ရာသီနှင့်ကြုံခဲ့သည့် လီဗာပူးလ်တိုက်စစ်မှူးဘာလော့တယ်လီနှင့် နယူးယော့ခ် စီးတီးတွင်ကစားနေသည့် ဝါရင့်ကွင်းလယ်လူပီယာလိုတို့မှာလည်း ယခင်ကတည်းက ချန်လှပ်ခံခဲ့ရပြီးဖြစ်သည်။

အီတလီအသင်းလူစာရင်း

ဂိုး- ဘတ်ဖွန် (ဂျူဗင်တပ်)၊ မာချက်တီ (လာဇီယို)၊ ဆီရီဂူ (ပီအက်စ်ဂျီ)

နောက်- ဒီဆီဂလီယို (မီလန်)၊ ချီလီနီ၊ ဘာဇာဂလီ၊ ဘိုနုချီ (ဂျူဗင်တပ်)၊ ဒါမီယန် (မန်ယူ)၊ အော့ဘွန်နာ (ဝက်စ်ဟမ်း)

လယ်- ကန်ဒရီဗာ၊ ပါအိုလို (လာဇီယို)၊ ဖလော်ရန်ဇီ၊ ဒီရော့ဆီ၊ အယ်လ်ရှာရဝီ (ရိုးမား)၊ မော့တာ (ပီအက်စ်ဂျီ)၊ စတူအာရို (ဂျူဗင်တပ်)၊ ဘာနက်ဒက်စ်ချီ (ဖီအိုရင်တီးနား)၊ ဂီယက်ချာရီနီ (ဘိုလော့ဂ်နာ)

ရှေ့- ဇာဇာ (ဂျူဗင်တပ်)၊ ပယ်လီ (ဆောက်သမ်တန်)၊ အင်မိုဘီလီ (တိုရီနို)၊ အက်ဒါ (အင်တာ)၊ အင်ဆစ်ဂ်နီ (နာပိုလီ)

Ref; Mirror

မဇ္ဈိမသတင်း by - ဝေဘုန်းလူ

Originally published at - http://mizzimaburmese.com/article/14748

No comments:

Post a Comment