မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 30, 2016

ယူရို ၂၀၁၆ အကြိုခြေစမ်းပွဲ စပိန် (၃-၁) ဘော့စနီးယား (ရုပ်သံဟိုက်လိုက်)




ယူရို ၂၀၁၆ အကြို ခြေစမ်းပွဲ အဖြစ် လက်ရှိ ယူရိုချန်ပီယံ စပိန်အသင်းနဲ့ ဘော့စနီးယား ဟာဇီဂိုးဗီးနား အသင်းတို့ မေလ ၂၉ ရက်ညက ဆွစ်ဇာလန်မှာ ယှဉ်ပြိုင်ရာ စပိန်က အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင် ရပါတယ်။

ပထမပိုင်းမှာ စပိန်အသင်း အတွက် တိုက်စစ်မှူးနိုလီတိုက ပွဲချိန် ၁၁ မိနစ်နဲ့ ၁၈ မိနစ်တွေမှာ ၂ ဂိုးဆက်တိုက်သွင်းပေးခဲ့ပြီး ဘော့စနီးယားအသင်းက အီမီရာစဖာဟစ်က ပထမပိုင်း မိနစ် ၃၀လောက်မှာ ချေပဂိုး တဂိုးပြန်သွင်းယူလိုက်နိုင်ပါတယ်။

ဒုတိယ ပိုင်းမှာ နှစ်ဖက်အပြန်အလှန်ထိုး ဖောက်ဂိုးသွင်းခွင့်တွေရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ပဲ ပွဲပြီးခါနီး နာကျင်အချိန်ပိုကျမှ စပိန်အတွက် တတိယမြောက်ဂိုးနဲ့ နောက်ဆုံးအပိတ်ဂိုးကို ပက်ဒရိုက သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲမှာ ပြီးခဲ့တဲ့ရက်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ကြတဲ့ စပိန်ထိပ်သီးကလပ် ရီးရဲလ်နဲ့ အက်သလက်တီကိုအသင်းတွေမှာပါတဲ့ စပိန်လက်ရွေးစင်ကစားသမားတွေပါဝင်ကစားနိုင်ခြင်းမရှိဘဲ မန်စီးတီးက ဆေးဗား၊ ချယ်ဆီးက ဖာဘရီဂတ်နဲ့ ပက်ဒရို ၊ အာဆင်နယ်က ဘယ်လာရင်စသူတို့ ပွဲထွက်ကစားသွားကြပါတယ်။

ဒီပွဲမှာ ဆယ်တာဒီဗီဂိုအသင်းက ဘယ်တောင်ပံနဲ့ရှေ့တန်းကစားသမား နိုလီတာ (ခေါ်) မန်နူရယ်အဂူဒိုရန် ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ရှေ့လ ပြင်သစ်မှာကျင်းပမယ့် ၂၀၁၆ ယူရိုပြိုင်ပွဲအတွက် နည်းပြဒေဲလ်ဘော့စကေးကရွေးချယ်မယ့် ဆန်ကာတင် ကစားသမား ၂၃ ဦးစာရင်းမှာ ပါလာဖွယ်ရှိနေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/152334

No comments:

Post a Comment