မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, May 30, 2016

ပြန်ပေးဆွဲခံရသည့် မက္ကဆီကို တိုက်စစ်မှူးကို စစ်တပ်က ပြန်လည် ကယ်တင်




ပြန်ပေးဆွဲ ခံရတဲ့ မက္ကဆီကို တိုက်စစ်မှူး အလန်ပူ လီဒိုကို မက္ကဆီကို စစ်တပ်က ပြန်လည် ကယ်တင်နိုင် ခဲ့တယ်လို့ အာဏာ ပိုင်တွေက တနင်္လာနေ့က ပြောဆို ပါတယ်။

အသက် ၂၅ နှစ် အရွယ် တိုက်စစ်မှူး ပူလီဒိုဟာ လက်မှာ ပတ်တီးနဲ့ တွေ့မြင်ရပေမယ့် သူ့ရဲ့ အခြေအနေကောင်းမွန်တယ်လို့ ပြောဆိုပါတယ်။

မက္ကဆီကိုစစ်တပ်က တနင်္ဂနွေနေ့ညက ကယ်တင်ခဲ့တယ်လို့ မက္ကဆီကိုအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် အသေးစိတ် တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဂရိဘောလုံးကလပ်တခုဖြစ်တဲ့ အိုလံပီယာကော့စ် ဘောလုံးအသင်း တိုက်စစ်မှူးလည်းဖြစ်ပြီး မက္ကဆီကိုအရှေ့မြောက်ပိုင်းက တမ္မူလီပက်စ် ပြည်နယ် သူ့ရဲ့ ဇာတိမြို့ စီအူဒဒ် ဗစ်တိုးရီယားမြို့မှာ စနေနေ့ညပိုင်းက ပြန်ပေးဆွဲခံလိုက်ရ တယ်လို့ ဆိုပါတယ်။

ပျော်ပွဲစား ပါတီတခုကနေ အပြန်မှာ လက်နက်ကိုင်ထားတဲ့ သူတွေက ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။

တမ္မူလီပက်စ် ပြည်နယ်ဟာ မက္ကဆီမှာ အကြမ်းဖက်မှုတွေ ထူပြောတဲ့ ဒေသ ဖြစ်ပါတယ်၊ ၂၀၁၄ ဘရာဇီး ကမ္ဘာဖလားတုန်းကလည်း မက္ကဆီကို အသင်းရဲ့  တိုက်စစ်မှူးအဖြစ် ကစားခဲ့သလို၊ ဂရိကလပ် လီဗာဒီယာကော့စ်အသင်းနဲ့ မက္ကဆီကို ကလပ် တီဂရီစ် အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။



ဒီဗွီဘီ by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/152404

No comments:

Post a Comment