
ကမ္ဘာ ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ရဲ့ အထွေထွေ အတွင်းရေးမှူး အဖြစ် အမျိုးသမီး တဦးကို ပထမဆုံး အကြိမ် အဖြစ် ခန့်အပ် လိုက်ပါတယ်။
အကျင့်ပျက် ခြစားမှုကြောင့် ဘောလုံး လောက ကနေ ၁၂ နှစ်ကြာ ပိတ်ပင် ထားတဲ့ ဂျရတ်မီး ဗာကလက်ရဲ့နေရာ အတွက် ဆီနီဂေါက ဖတ်မာဆမ်ဘာ ဒီအော့ဖ်ဆာမူရာကို မေ ၁၃ ရက်က ခန့်အပ် လိုက်တာ ဖြစ်ပါတယ်။
အသက် ၅၄ နှစ် ဆာမူရာဟာ ကုလသမဂ္ဂမှာ ၂၁ နှစ်ကြာ လုပ်ကိုင် ခဲ့ပြီး လာမယ့် ဇွန်လ ဖီဖာမှာ စတင် တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။ လက်ရှိ နိုင်ဂျီးရီးယားမှာ တာဝန် ထမ်းဆောင်နေပြီး ဘာသာ စကား ၄ မျိုးလောက်ကိုလည်း ပြောဆို နိုင်ပါတယ်။
ဖီဖာ ဥက္ကဋ္ဌ အင်ဖာတီနိုကတော့ ဆာမူရာရဲ့ အရည်အချင်းတွေကို ချီးကျူး ပြောဆို လိုက်ပါတယ်။ မက္ကဆီကို ဖီဖာကွန်ကရက်မှာ ဆာမူရာကို ခန့်အပ်တာကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/149683

No comments:
Post a Comment