
ထိပ်တန်း ပြိုင်ပွဲတွေမှာ အရက် မူးပြီး ဒိုင်လုပ် ခဲ့သူ ၂ ဦးကို ချက်ဘောလုံး အဖွဲ့ချုပ် (FACR)က တားမြစ် လိုက်ပါတယ်။
ချက်ပြည်တွင်း ပြိုင်ပွဲ ဆလေဗီယာ ပရက်နဲ့ တန်းဆင်းဇုန်က ရုန်းကန် နေရတဲ့ အက်ဖ်ကေ ပရီဘန်တို့ပွဲမှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။
ကွင်းပြင်က အကူ ဒိုင်တွေဖြစ်တဲ့ မာရက်ပေနီနဲ့ ဂျာရီဂျက်တို့ ၂ ဦးဟာ အရက် မှုးနေတဲ့ စွဲချက်ကြောင့် လိုင်စင် ရုတ်သိမ်း ခံရဖွယ်ရှိပြီး စည်းမျဉ်း အရ အရေးယူ သွားမယ်လို့ FARC က ပြောပါတယ်။
ဘောလုံးပွဲယှဉ်ပြိုင်နေစဉ်အတွင်း ပေနီရဲ့ ပုံစံက အရက်မှုးတာ သိသာနေသလို ကွင်းဘေးက သူရဲ့ အပြုအမှုကို ဗွီဒီယိုနဲ့ ရိုက်ကူးထားပြီး ယူကျူပေါ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရုပ်သံမှာ အရက်မူးပြီး ကွင်းဘေးမှာ ယိုင်တိုင်တိုင်နဲ့ ပြေးလွှားနေသလို နောက်ဆုံးမှာတော့ လူတဦးက သူ့ကို ခေါ်ယူသွားတာတွေကို ရိုက်ကူးထားပါတယ်။
ဂျက်ကလည်း ပြိုင်ပွဲ ကစားနေစဉ် ဆီးခဏခဏ သွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေကို တားမြစ်နိုင်ခြင်းမရှိတဲ့အတွက် ကွင်းလယ်ဒိုင်နဲ့ စည်းကြပ်ဒိုင် ၂ ဦးကိုတော့ ဒီရာသီကုန်အထိ အနားပေးထားတယ်လို့ ဆိုပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/149654

No comments:
Post a Comment