
တောင် ကိုရီးယား စစ်တပ်မှာ စစ်မှု ထမ်းရမှာ ဖြစ်တဲ့ အတွက် အင်္ဂလန် ပရီးမီးယားလိဂ်က ဆွမ်ဆီး ကစားသမား ကီဆန်းယောင်က မန်စီးတီးနဲ့ ကစားမဲ့ ပွဲကို လွှဲချော်မှာ ဖြစ်ပါတယ်။
တောင် ကိုရီးယား နိုင်ငံသား တွေက အသက် ၂၉ နှစ် မတိုင်မှီ ၂ နှစ် မဖြစ် မနေ စစ်မှု ထမ်းရမှာ ဖြစ်ပြီး မဟုတ် ရင်တော့ ပြည်ပြေး အဖြစ် သတ်မှတ်ခံ ရမှာ ဖြစ်ပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန် အိုလံပစ်မှာ ကြေးတံဆိပ် ရရှိခဲ့အပြီးမှာတော့ အသက် ၂၇ နှစ်အရွယ် ကီနဲ့ အသင်းဖော်တွေကို စစ်မှုထမ်းကာလ ၄ ပတ်အထိ လျှော့ပေးခဲ့ပါတယ်။
အိုလံပစ်ပွဲအပြီးမှာတော့ ကီက ဆဲလ်တစ်ကလပ်ကနေ ပြောင်းရွှေ့ကြေးပေါင် ၅.၅ သန်းနဲ့ ဆွမ်ဆီးကို ရောက်လာတာ ဖြစ်ပါတယ်။
ဇူလိုင်အစောပိုင်း ၂၀၁၆-၁၇ ရာသီကြိုပွဲတွေအတွက် ကီက ပြန်လာနိုင်မယ်လို့လည်း မျှော်လင့်နေပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/149696

No comments:
Post a Comment