မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, May 7, 2016

စပါးကွင်းလယ်လူ ဒမ်ဘီလီ ခြောက်ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ




မေ ၇၊ လန်ဒန်

ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ရန်ပြု တိုက်ခိုက် ခဲ့သည့် စပါး ကွင်းလယ် ကစားသမား ဒမ်ဘီလီကို အက်ဖ်အေက ခြောက်ပွဲပယ် ပြစ်ဒဏ် ချမှတ် လိုက်ပြီ ဖြစ်သည်။

၂-၂ ဂိုးဖြင့် သရေကျ ခဲ့သည့် ထိုပွဲစဉ်တွင် ပြဿနာများစွာ ဖြစ်ပွားခဲ့ပြီး စပါးအသင်းမှ ကစားသမား ကိုးဦးအထိ အ၀ါကတ် ပြသခံခဲ့ရသည်။ ဒမ်ဘီလီမှာလည်း ထိုကိုးဦးထဲတွင် ပါဝင်ခဲ့သည်။

ထိုပွဲတွင် ဒမ်ဘီလီက ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာ၏ မျက်လုံးကို တွန်းထိုးတိုက်ခိုက်ခဲ့သော်လည်း ကွင်းလယ်ဒိုင် ကက်လတန်ဘာ့ဂ်က အရေးယူခြင်းမရှိခဲ့ပေ။ သို့သော်အက်ဖ်အေက ပွဲရုပ်သံမှတ်တမ်းကို ပြန်လည်ကြည့်ရှုပြီး အရေးယူခဲ့ခြင်း ဖြစ်သည်။

ယခုပွဲပယ်ပြစ်ဒဏ်ကြောင့် ဒမ်ဘီလီသည် လာမည့်ရာသီသစ် ပွဲစဉ်လေးပွဲအထိ ပါဝင်နိုင်မည်မဟုတ်ဘဲ ပွဲစဉ်ငါးတွင်မှ စပါးအသင်းအတွက် ကစားပေးနိုင်တော့မည် ဖြစ်သည်။

ဒမ်ဘီလီသည် ယခုနှစ်ရာသီတွင် စပါးအသင်းအတွက် ပွဲစဉ် ၂၉ ပွဲ ပါဝင်ကစားခဲ့ပြီး သုံးဂိုးသွင်းယူကာ ခြေစွမ်းပြကစားနေနိုင်သူ ဖြစ်သည်။

ထိုပွဲတွင် ချယ်လ်ဆီးအသင်းနှင့် သရေကျခဲ့သည့်အတွက် စပါးအသင်း၏ ချန်ပီယံအိပ်မက် အဆုံးသတ်သွားခဲ့ရသည်။ စပါးအသင်းသည် လက်ကျန်ပွဲစဉ် နှစ်ပွဲအဖြစ် ဆောက်သမ်တန်၊ နယူးကာဆယ်တို့နှင့် ကစားရန် ကျန်ရှိနေပြီး အဆင့် ၂ နေရာ တည်မြဲရန်အတွက် ရမှတ်သုံးမှတ် လိုအပ်နေသေးသည်။

မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/13923

No comments:

Post a Comment