![]() |
မိုက်ကယ်ဖဲလ်စ် |
အိုလံပစ်ပြိုင်ပွဲ အကြို အဖြစ် ကျင်းပတဲ့ မီတာ ၁၀၀ လိပ်ပြာကူး ပြိုင်ပွဲမှာ မိုက်ကယ်ဖဲလ်စ် က အနိုင်ရ သွားပါတယ်။
အမေရိကန် ရေကူး ချန်ပီယံ ဖဲလ်စ် ဟာ အိုလံပစ် ချန်ပီယံ သုံးကြိမ် ရရှိ ထာသူ ဖြစ်ပါတယ်။
ဇူလိုင် ၂ ရက်နေ့ ပြိုင်ပွဲမှာ Phelps က ၅၁ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး သူ့နောက်မှာတော့ တွန်ရှီးလ်စ်က ဒုတိယ လိုက်ပါတယ်။
အိုလံပစ်အတွက် ကြိုတင်ပြင်ဆင်တဲ့ ပြိုင်ပွဲမှာ အနိုင်ရပြီးနောက် ဖဲလ်စ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့မှာ ကျင်းပမ့ယ် အိုလံပစ် ပြိုင်ပွဲဝင်ဖို့ အသင့် ဖြစ်နေပါပြီ။
ဖဲလ်စ်ဟာ လက်ရှိမှာ အိုလံပစ် ဆုတံဆိပ်ပေါင်း ၂၂ ခု ရရှိထားတဲ့အတွက် အများဆုံး စံချိန် တင်ထားပြီး နောက်ထပ် ဆုတံဆိပ်တွေနဲ့ စံချိန်သစ် တင်နိုင်ဖို့လည်း ရည်မှန်းနေပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/157547

No comments:
Post a Comment