မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, August 6, 2016

အိုလံပစ်ပြိုင်ပွဲဝင် လက်ဝှေ့သမားတဦး လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြင့် ဖမ်းဆီးခံရ




ဘရာဇီး နိုင်ငံမှာ ကျင်းပ နေတဲ့ အိုလံပစ် ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် မော်ရိုကို လက်ဝှေ့ သမား တဦးကို လိင်ပိုင်း ဆိုင်ရာ မတော် မတရား လုပ်ဆောင်မှုနဲ့ ဘရာဇီး ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။

ရီယိုဒီဂျေးနီရို အိုလံပစ် ရွာမှာ သန့်ရှင်းရေး အမျိုးသမီး ၂ ဦးကို လိင်ပိုင်း ဆိုင်ရာ စော်ကား တယ်လို့ စွဲဆို ခံထား ရတာ ဖြစ်ပါတယ်။

သြဂုတ် ၃ ရက်က တိုက်ခိုက် မှုကို ကျူးလွန် တယ်လို့ သံသယ ရှိလို့ အသက် ၂၂ နှစ် ဟာဆန်ဆာဒါကို ဖမ်းဆီး လိုက်တာလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က ရေးပါတယ်။

ဟာဆန်က သန့်ရှင်းရေး လုပ်တဲ့ အမျိုးသမီး တဦးကို နံရံဘေးကို တွန်းလိုက်ပြီး ပေါင်တွေကို ပွတ်သပ်ကာ နမ်းဖို့ ကြိုးစား ခဲ့သလို တခြား အမျိုးသမီး တဦးရဲ့ ရင်သားကို သွားကိုင် ခဲ့တယ်လို့ ဘရာဇီး မီဒီယာက ဖော်ပြ ပါတယ်။

မော်ရိုကို အိုလံပစ် ကော်မတီနဲ့ ဟာဆန်ဆီ ကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆို ခဲ့ခြင်း မရှိပါဘူး။

လိုက်ဟဲဗီးဝိတ် တန်းမှာ ပါဝင် ကစားမယ့် လက်ဝှေ့ သမားဟာ ပထမဆုံး ပြိုင်ပွဲ အဖြစ် သြဂုတ် ၆ ရက်မှာ ကစားဖို့ ရှိနေ တာလည်း ဖြစ်ပါတယ်။

ဘရာဇီး တရား သူကြီးတွေက ၁၅ ရက် ထိန်းသိမ်း ထားပြီး စုံစမ်း စစ်ဆေးမှုကို ရပ်ဆိုင်း ထားဖို့ အမိန့်ပေး ထားတယ်လို့ သတင်းတွေက ဖော်ပြ ပါတယ်။

ဒီအမိန့်ကြောင့် ဟာဆန်ဟာ ပြိုင်ပွဲမှာ ပါဝင်ခွင့် ရမှာ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/162411

No comments:

Post a Comment