
မန်စီးတီး အသင်းဟာ ဘာစီလိုနာ ဂိုးသမား ဘရာဗိုကို ခေါ်ယူဖို့ သဘော တူညီမှု ရခဲ့ တာကြောင့် လက်ရှိ ဂိုးသမား ဂျိုးဟတ်ဟာ မန်စီးတီး ကနေ ထွက်ခွာ ရဖို့ ရှိနေ တယ်လို့ ဗြိတိန် သတင်းစာ တွေက ဖော်ပြ ပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာက အမှားများ လာတဲ့ အင်္ဂလန် ဂိုးသမား ဂျိုးဟတ်ရဲ့ လက်စွမ်းကို ကြိုက်နှစ်သက်ခြင်း မရှိ တာကြောင့် ဘာစီလို နာအသင်းက အသက် ၃၃ နှစ် အရွယ် ချီလီ ဂိုးသမား ဘရာဗိုကို ပေါင် ၁၇ သန်းနဲ့ ခေါ်ယူ သွားမှာ ဖြစ်ပြီး ဘာစီလိုနာ အသင်းနဲ့ လည်း သဘော တူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ဖြစ်တဲ့ ဆန်းဒါးလန်းကို အနိုင် ရတဲ့ပွဲနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ပွဲတွေမှာ အာဂျင်တီးနား ဂိုးသမား ကာဗယ်လီရို ကိုပဲ ပွဲထွက်စေ ခဲ့ပြီး ဂျိုးဟတ်ကို အရန်ခုံမှာပဲ ထားခဲ့တာ ဖြစ်ပါတယ်။
ဂျိုးဟတ်အနေနဲ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ အငှားနဲ့ ထွက်ခွာ ရဖို့ ရှိနေပြီး ဆီဗီလာနဲ့ အဲဗာတန် အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164341

No comments:
Post a Comment