
ရီယို အိုလံပစ် အမျိုးသား ဘောလုံး ပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲစဉ်တွေကို ကိုင်တွယ်မယ့် ဒိုင်စာရင်းကို ထုတ်ပြန် ကြေညာ လိုက်ပါတယ်။
အဲဒီ စာရင်း အရ ရီယိုဒီ ဂျနေးရိုးမှာ အိမ်ရှင် ဘရာဇီးလ်နဲ့ ဟွန်ဒူးရပ်စ် အသင်းတို့ ကစားမယ့် ပွဲကို ရိုမေးနီးယား ကွင်းလယ်ဒိုင် ဟာတီဂန်က ကြီးကြပ်မှာ ဖြစ်ပါတယ်။
ဆော်ပိုလိုမှာ ကစားမယ့် နိုင်ဂျီးရီးယားနဲ့ ဂျာမနီ အသင်းတို့ပွဲကိုတော့ အာဂျင်တီးနား ကွင်းလယ်ဒိုင် နက်စတာပစ် တာနာက တာဝန်ယူမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆီမီးဖိုင်နယ် ပွဲစဉ်တွေကို သြဂုတ် ၁၇ ရက်နေ့ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164177





No comments:
Post a Comment