
ရီယို ၂၀၁၆ အိုလံပစ် ပြိုင်ပွဲမှာ အိမ်ရှင် ဘရာဇီး အတွက် ရွှေတံဆိပ် ဆုကို ဂျူဒို အားကစား ကနေ ရရှိသွား ပါတယ်။
သြဂုတ် ၈ ရက်က ယှဉ်ပြိုင်တဲ့ အမျိုးသမီး ၅၈ ကီလိုတန်း ဂျူဒိုပြိုင်ပွဲမှာ ဘရာဇီးသူ ရာဖယ်လာ ဆေးဗားက ရွှေတံဆိပ် ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။
ပထမဆုံး ရွှေတံဆိပ်ဆုအတွက် ဘရာဇီးနိုင်ငံသားတွေလည်း အောင်ပွဲခံ တာတွေ ပြုလုပ် ခဲ့ပါတယ်။
ရာဖယ်လာ ဆေးဗားဟာ မွန်ဂိုလီးယားနိုင်ငံသူကို အနိုင်ရယူပြီး ရွှေတံဆိပ် ရယူနိုင်တာ ဖြစ်ပါတယ်။
လောလောဆယ် အိုလံပစ်ပြိုင်ပွဲမှာ ဆုတံဆိပ်ရပ်တည်မှု အနေအထားအရ တရုတ်က ရွှေ ၄၊ ငွေ ၂၊ ကြေး ၄ ခုနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပြီး သြစတြေးလျက ရွှေ ၄၊ ကြေး ၃ ခုနဲ့ ဒုတိယ၊ အမေရိကန်က ရွှေ ၃၊ ငွေ ၆၊ ကြေး ၄ ခုနဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
ဓာတ်ပုံ - Michael Madrid/USA TODAY Sports
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162826

No comments:
Post a Comment