
ဘရာဇီး အိုလံပစ် ပြိုင်ပွဲရဲ့ မြားပစ် လက်ရည် စစ်ပွဲမှာ ၀င်ပြိုင် ခဲ့တဲ့ မြန်မာ ကစား သမား ရလဒ်ကောင်း ရယူနိုင်ခြင်း မရှိသေး ပါဘူး။
မြားပစ် ပြိုင်ပွဲ အမျိုးသမီး တဦးချင်းမှာ မြန်မာက စန်းယုထွေးဟာ ပထမအဆင့် လက်ရည် စစ်ပွဲမှာတော့ အဆင့် ၅၁ ပဲ ရရှိခဲ့ ပါတယ်။
ဒီပြိုင်ပွဲကို ၆၄ ဦး ၀င်ပြိုင် ခဲ့တာဖြစ်ပြီး စန်းယုထွေးအနေနဲ့ အဆင့် ၁၄ ရခဲ့တဲ့ ဖင်လန်က ကော့ပါနဲ့ ရှုံးထွက်ပွဲ အဖြစ် ဆက်လက် ယှဉ်ပြိုင် ရမှာပါ။
၅၀ မီတာ ပစ္စတိုပြိုင်ပွဲ လက်ရည်စစ်ပွဲကို ရဲထွန်းနောင်က သြဂုတ် ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာပါ။
ဂျူဒိုပြိုင်ပွဲရဲ့ ၁၀၀ ကီလိုတန်းမှာတော့ ရန်နိုင်စိုးက သြဂုတ် ၁၁ ရက်မှာ ယှဉ်ပြိုင်ရမှာပါ။
ပြေးခုန်ပစ်ပြိုင်ပွဲ မီတာ ၅၀၀၀ မှာ ၀င်ပြိုင်မယ့် ဆန်းနိုင်နဲ့ အမျိုးသမီး မီတာ ၈၀၀ ပြိုင်ပွဲမှာ ၀င်ပြိုင်မယ့် ဆွေလီမြင့်တို့ကတော့ လာမယ့်သြဂုတ် ၁၇ ရက်မှာ ပထအဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
အမျိုးသား ၁၀၀ မီတာ လိပ်ပြာကူးပြိုင်ပွဲ ၀င်ပြိုင်မယ့် သင့်မြတ်နဲ့ အမျိုးသမီး ၅၀ မီတာ အလွတ်ကူးပြိုင်ပွဲ ၀င်ပြိုင်မယ့် အိအိသက်တို့ကတော့ သြဂုတ် ၁၁ နဲ့ ၁၂ ရက်တွေမှာ ပထမအဆင့်ပွဲစဉ်တွေ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
မြန်မာအားကစားအဖွဲ့ဟာ အားကစားနည်း ၅ မျိုးမှာ ကစားသမား ၇ ဦးနဲ့ ၀င်ပြိုင်နေတာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/162820

No comments:
Post a Comment