
ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ် ပွဲတော် အမျိုးသမီး မီတာ ၅၀၀၀ အပြေး ပြိုင်ပွဲမှာ လဲကျ သွားတဲ့ နယူးဇီလန် အပြေး သမားကို အမေရိကန် အပြေး သမားက ဖေးမပြီး အားကစား စိတ်ဓာတ်ကို ပြသ ခဲ့ပါတယ်။
ယှဉ်ပြိုင်နေစဉ် အတွင်း ပြေးလမ်းကြောင်း တ၀က် အရောက်မှာ နယူးဇီလန် အပြေးမယ် နစ်ကီဟမ်လင်က လဲကျ သွားတာကို အမေရိကန် အပြေးမယ် အယ်ဘေးဒီအက်ကို စတီနိုက ဆက်မပြေးဘဲ ကူညီခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ် အရွယ် ဟမ်လင်က ဘာကြောင့် လဲကျ သွားသလဲ ဆိုတာကို မသိ သလို ဒီအချိန်မှာ လက် တဘက်က သူမကို လာရောက် ဖေးမ ခဲ့တယ်လို့ ပြောပါတယ်။
“ဒီအမျိုးသမီးလေးဟာ အိုလံပစ် ပြိုင်ပွဲဝင် စိတ်ဓာတ် အပြည့် ရှိပါတယ်။ လဲကျ သွားပြီး ဘာကြောင့်ဖြစ် ရသလဲလို့ တွေးနေတဲ့ အချိန်မှာ ပခုံးပေါ်ကို လက်တဘက် ရောက် လာ ပါတယ်။
ဒါဟာ ဘယ်လိုသဘော သက်ရောက်နေသလဲ ဆိုရင်တော့ ‘ထတော့ ဒါဟာ အိုလံပစ်ပြိုင်ပွဲ ဖြစ်တဲ့ အတွက် ပန်းဝင်အောင် ပြေးရမယ်’ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
အရင်က ဒီအမျိုး သမီးကို မတွေ့ဘူး သလို ဒါဟာ တကယ့်ကို အံ့သြစရာ ဖြစ်တဲ့ အကြောင်း၊ ဒီဖြစ်ရပ်ကို မေ့နိုင်တော့မှာ မဟုတ်တဲ့ အကြောင်း ဟမ်လင်က ပြောပါတယ်။
အပြေးပြိုင်ပွဲ အပြီးမှာတော့ သူတို့ ၂ ဦးဟာ အချင်းချင်း ပွေ့ဖက် နှုတ်ဆက် ခဲ့ပါတယ်။
ဟမ်လင်က ၁၆ မိနစ် ၄၃ စက္ကန့်နဲ့ ဒီအက်ကို စတီနိုက ၁၇ မိနစ် ၁၀ စက္ကန့်နဲ့ ပထမရတဲ့ အီသီယိုးပီးယား အပြေးမယ် ရဲ့နောက် ၂ မိနစ် နောက်ကျကာ ပန်းဝင် ခဲ့တာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/164223

No comments:
Post a Comment