မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, November 10, 2016

နောက်ခံလူ ဘယ်လာရင်ကို အာဆင်နယ် ၆ နှစ်သက်တမ်းတိုး


ဓာတ်ပုံ - Tony Marshall / Getty Images


အာဆင်နယ် အသင်းရဲ့ ညာနောက်တန်း ကစားသမား ဘယ်လာရင်ဟာ အသင်းနဲ့ ၆ နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို လိုက်ပါတယ်။

စပိန် နောက်ခံ လူလည်း ဖြစ်တဲ့ သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာနဲ့ မန်စီးတီးတို့က စိတ်ဝင်စား နေတာ ဖြစ်ပြီး အခုလို စာချုပ်သစ် ချုပ်ဆို လိုက်တာဟာ အာဆင်နယ် ပရိသတ်တွေ အတွက် သတင်းကောင်း တခု ဖြစ်ခဲ့ ပါတယ်။

အသက် ၂၁ နှစ်ရှိ ဘယ်လာရင် အနေနဲ့ စာချုပ်သစ်ပါ အချက် အလက်တွေ အရ ၁ ပတ် ပေါင် ၁ သိန်းခန့် တိုးမြှင့်ရရှိမှာ ဖြစ်ပါတယ်။

ဘယ်လာရင်ဟာ စပိန်ထိပ်သီး ဘာစီလိုနာ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တဦးဖြစ်ပြီး ၂၀၁၁ ခုနှစ်က အာဆင်နယ် အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

၂၀၁၃ ခုနှစ်က စလို့ အာဆင်နယ် အသင်းကြီးမှာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး စပိန်လက်ရွေးစင် အသင်းမှာ ရွေးချယ် ခံခဲ့ရတဲ့ အထိ ခြေစွမ်းပြနိုင် ခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ အိုဇေးလ်နဲ့ ဆန်းချက်ဇ် တို့ကိုလည်း စာချုပ် သက်တမ်း တိုးဖို့ ဆွေးနွေး နေပါတယ်။

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175456

No comments:

Post a Comment