
ဖီဖာ ယူ ၂၀ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဒိုင်အဖြစ် တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်ခံ ခဲ့ရတဲ့ မြန်မာ အမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးဟာ ပြိုင်ပွဲ ကျင်းပမယ့် ပါပူအာ နယူးဂီနီ နိုင်ငံကို နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ်က ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်က တဆင့် ထွက်ခွာ သွားပါတယ်။
ပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ဖို့ ကမ္ဘာတဝန်းမှ ကွင်းလယ် ဒိုင်လူကြီး ၁၆ ဦး၊ အကူဒိုင် ၂၇ ဦးတို့ကို ရွေးချယ် ခဲ့ရာမှ မြန်မာ ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးက
ရွေးချယ်ခံ ခဲ့ရတာဖြစ်ပြီး အာရှတိုက်မှ ဒေါ်သိန်းသိန်းအေး အပါအဝင် တရုတ်နိုင်ငံမှ ဒိုင်လူကြီး ၁ ဦး၊ သြစတြေးလျနိုင်ငံမှ ဒိုင်လူကြီး တဦး တာဝန် ထမ်းဆောင်မှာ ဖြစ်ပါတယ်။
FIFA U-20 Women’s World Cup ပြိုင်ပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အိမ်ရှင် ပါပူအာ နယူးဂီနီအသင်း၊ ဘရာဇီး၊ ဆွီဒင်၊ မြောက်ကိုရီးယား၊ စပိန်၊ ကနေဒါ၊ ဂျပန်၊ နိုက်ဂျီးရီးယား အသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
“ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မြန်မာနိုင်ငံကိုယ်စား၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ကိုယ်စား၊ မြန်မာဒိုင်လူကြီးတွေရဲ့ ကိုယ်စား သွားရောက် တာဝန်ထမ်းဆောင်ရမယ့်အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။
ဒီပြိုင်ပွဲမှာ အမှားအယွင်းမရှိဘဲ ဖိုင်နယ်အထိ ဒိုင်အဖြစ် ဆောင်ရွက်နိုင်ဖို့ ယုံကြည်ထားပါတယ်” လို့ ဒေါ်သိန်းသိန်းအေးက ပြောကြောင်း
မြန်မာဘောလုံး အဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/174957
 









 
 
 
No comments:
Post a Comment