မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 7, 2016

အီဘရာဟီမိုဗစ်ခ်ျ ခြေစွမ်းပြ ဂိုးသွင်းပြီး မန်ယူက ဆွမ်ဆီးကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)




ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် ဆွမ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ နိုဝင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်ရာ မန်ယူက တိုက်စစ်မှူး အီဘရာဟီ မိုဗစ်ခ်ျရဲ့ သွင်းဂိုး ၂ ဂိုး အပါ အ၀င် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒါဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပျောက်ဆုံးလို့ ဖိအား ၀င်နေတဲ့ နည်းပြ မော်ရင်ဟို အတွက်တော့ စိတ်သက်သာရာ ရစေတဲ့နိုင်ပွဲ ဖြစ်ခဲ့ ပါတယ်။

နည်းပြ မော်ရင်ဟိုဟာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကွင်းတွင်းကြီးကြပ်ခွင့် မရ ခဲ့ပါဘူး။

ဆွမ်ဆီးကွင်းမှာ ကန်ရတဲ့ ဒီပွဲမှာ မန်ယူဟာ နိုင်ပွဲပျောက်ဆုံးနေမှုကို ရပ်တန့်နိုင်ဖို့ အားစိုက် ကစားခဲ့ ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ပေါ့ဂ်ဘာက မန်ယူ အတွက် အဖွင့်ဂိုး သွင်းယူပေး ခဲ့ပြီး ၂၁ မိနစ်နဲ့ ၃၃ မိနစ်တွေမှာ အီဘရာဟီမိုဗစ်ခ်ျက ၂ ဂိုးဆက် သွင်းယူပေး ခဲ့ပါတယ်။

ဆွမ်ဆီး အတွက် တလုံးတည်းသောချေပဂိုးကိုတော့ ၆၉ မိနစ်မှာ မိုက်ခ်ဗန်ဒါဟွန်းက သွင်းယူပေး ခဲ့ပါတယ်။

ဒီပွဲအနိုင် ရလဒ်ကြောင့် မန်ယူဟာ ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေး ဇယား အဆင့် ၆ နေရာကို တက်လှမ်း လာနိုင်ပြီး ဆွမ်ဆီးကတော့ ရမှတ် ၅ မှတ်နဲ့ အဆင့် ၁၉ မှာ ရပ်တည် နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175069

No comments:

Post a Comment