မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, November 7, 2016

ဝတ်ဖို့ဒ်ကို ၆ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး လီဗာပူး အမှတ်ပေး ဇယားကို ဦးဆောင် (ရုပ်သံဟိုက်လိုက်)




နိုဝင်ဘာ ၆ ရက်ညက ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ ဝတ်ဖို့ဒ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက ၆ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရပြီး ဒီရာသီ အမှတ်ပေး ဇယားကို ပထမဆုံး အကြိမ် ဦးဆောင်နိုင် ခဲ့ပါတယ်။

ဒီရာသီမှာ ပုံစံကောင်း ပြသပြီး နိုင်ပွဲတွေ ဆက်နေတဲ့ နည်းပြ ဂျာဂင်ကလော့ပ်ရဲ့ လီဗာပူး အသင်းဟာ ဒီပွဲစဉ် မှာလည်း အမှား အယွင်း မရှိ ခြေစွမ်းပြ ကစားပြီး ဂိုးပြတ် အနိုင်ရ ခဲ့တာပါ။

လီဗာပူးဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၆ဝ ရာခိုင်နှုန်း အထိ ရှိခဲ့သလို ဂိုးကန်သွင်း ခွင့်မှာလည်း အပြတ်အသတ် အသာစီး ရခဲ့ပါတယ်။

လီဗာပူးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၇ မိနစ်နဲ့ ၆၀ မှာ မာနီ၊ မိနစ် ၃၀ မှာ ကော်တင်ဟို၊ ၄၃ မိနစ်မှာ အမ်မရီကန်၊ ၅၇ မိနစ်မှာ ဖာမီနိုနဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပိုမှာ ဝစ်ခ်ျနယ်လ်ဒန်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။

ဝတ်ဖို့ဒ်အတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၇၅ မိနစ်မှာ ဂျန်မတ်က သွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်အပြီးမှာတော့ လီဗာပူးက ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယား ပထမနေရာ၊ ဝတ်ဖို့ဒ်ကတော့ ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ မှာ အသီးသီး ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/175073

No comments:

Post a Comment