
ကမ္ဘော ဒီးယားနဲ့ပွဲမှာ ပွဲထွက် လူစာရင်း ပြောင်းလဲမှာ ဖြစ်ပြီး အနိုင်ရဖို့ လိုတယ်လို့ မြန်မာ နည်းပြ ဂတ်ဆီဇီက ပြောပါတယ်။
မြန်မာ့ လက်ရွေးစင် အသင်းနဲ့ ကမ္ဘောဒီးယား အသင်းတို့ဟာ အုပ်စု ဒုတိယ ပွဲစဉ် အဖြစ် နိုဝင်ဘာ ၂၃ ရက်မှာ ယှဉ်ပြိုင် ကစားရမှာပါ။
ဒီပွဲစဉ်ဟာ နှစ်သင်းစလုံး အတွက် အုပ်စု တက်ရေး အဆုံးအဖြတ် ပွဲစဉ်ဖြစ်ပြီး ရှုံးတဲ့ အသင်းက အုပ်စုအဆင့်ကနေ ထွက်ခွာ ရမှာ ဖြစ်ပါတယ်။
မြန်မာအသင်းဟာ ပြင်ဆင်မှုကောင်းကောင်း ပြုလုပ်ထားလို့ ခက်ခဲတဲ့ပွဲဖြစ်လာနိုင်ပေမယ့် အနိုင်ရရှိအောင် ကြိုးစားမယ်လို့ ကမ္ဘောဒီးယားနည်းပြက ပြောပါတယ်။
မြန်မာအသင်းပါဝင်တဲ့ အုပ်စု ခ မှာ ဗီယက်နမ်နဲ့ မလေးရှားတို့က ရမှတ် ၃ မှတ်စီနဲ့ ဦးဆောင်နေပြီး မြန်မာနဲ့ ကမ္ဘောဒီးယားတို့က အမှတ်မရသေးဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေတာပါ။
နိုဝင်ဘာ ၂၃ မှာ ယှဉ်ပြိုင်ကစားမယ့် အုပ်စုဒုတိယပွဲမှာ မြန်မာအသင်းက ကမ္ဘောဒီးယားကို အနိုင်ရဖို့ လိုအပ်နေပြီး ဗီယက်နမ်နဲ့ မလေးရှားတို့ပွဲမှာ ဗီယက်နမ်အသင်း အနိုင်ကစားမှ မြန်မာအသင်း အုပ်စုတက်ဖို့ အခွင့်အရေးကောင်းလာမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/177017

No comments:
Post a Comment