
ဒီဇင်ဘာ ၇ ရက်ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ် အုပ်စု အက်ဖ် ပွဲစဉ်မှာ စပိန် ထိပ်သီး ရီးရဲလ် မက်ဒရစ်နဲ့ ဂျာမန် ကလပ် ဒေါ့မွန်တို့ တဘက် ၂ ဂိုးစီ သရေကျ သွားပြီး ဒေါ့မွန်က အုပ်စု ပထမ၊ ရီးရဲလ်က အုပ်စု ဒုတိယ နေရာကနေ နောက်တဆင့်ကို တက်ရောက် သွားပါတယ်။
ဒေါ့မွန်ဟာ ဒီပွဲကို အဝေးကွင်းမှာ ကစားရပေမယ့် လိုအပ်တဲ့ ချေပဂိုးတွေ ရယူပြီး အုပ်စု ပထမနေရာနဲ့ နောက်တဆင့်ကို တက်သွားတာပါ။
ပွဲချိန် ၂၈ မိနစ်နဲ့ ၅၃ မိနစ်တို့မှာ ဘန်ဇီမာက ရီးရဲလ်အတွက် ၂ ဂိုးသွင်းယူပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒေါ့မွန်အတွက် ချေပဂိုးတွေကိုတော့ မိနစ် ၆၁ မှာ အော်ဘာမီယန်း၊ ၈၉ မိနစ်မှာ မာကိုရူးစ်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီအုပ်စုကပဲ ပိုလန်ကလပ် လီဂီယာဝါဆောနဲ့ ပေါ်တူဂီကလပ် စပို့တင်းစီပီတို့ ပွဲစဉ်မှာတော့ လီဂီယာဝါဆောက ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ပြီး ပထမဆုံး နိုင်ပွဲရယူနိုင်ခဲ့သလို အုပ်စုတွင်း တတိယနေရာ ရပ်တည်နိုင်တဲ့အတွက် ယူရိုပါလိဂ်မှာ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/179035

No comments:
Post a Comment