
ဇန်န၀ါရီ ၃၁၊ တရုန်
ဗီလာရီးယဲလ် အသင်းမှ ဘရာဇီး တိုက်စစ်မှူး အလက်ဇန် ဒရိုပါတိုသည် တရုတ် စူပါလိဂ် ကလပ် တီယန်ဂျင်း အသင်းသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၅.၅ သန်းဖြင့် ပြောင်းရွှေ့ သွားပြီ ဖြစ်သည်။
အေစီမီလန် ကစား သမားဟောင်း ပါတိုသည် ပြီးခဲ့သည့် ရာသီက ဒုတိယ ရာသီဝက်တွင် ချယ်လ်ဆီး အသင်းသို့ အငှား သွားရောက် ကစားခဲ့ပြီး
အောင်မြင်မှု မရခဲ့ဘဲ ယခုနှစ်တွင် ဗီလာရီးယဲလ်၌ ကစားနေသူ ဖြစ်သည်။
ဗီလာရီးယဲလ်တွ င်လည်း ၂၂ ပွဲတွင် ၅ ဂိုးသာ သွင်းနိုင် ခဲ့ပြီး ဂိုးရရန် ရုန်းကန် ရလျက် ရှိသည်။ ထို့ကြောင့် ဗီလာရီးယဲလ် အသင်းက တီယန်ဂျင်း အသင်းထံ ပေါင် ၁၅.၅ သန်းဖြင့် ရောင်း ခဲ့ခြင်းဖြစ်သည်။
ပါတိုသည် တရုတ် ကလပ်တွင် တစ်ပတ် လုပ်ခ လစာငွေ ပေါင် ၁ သိန်းကျော် ရရှိမည် ဖြစ်သည်။ ပါတိုသည် တီယန်ဂျင်း အသင်းတွင် နည်းပြ ကန်နဗာရို၏ လက်အောက်တွင် ကစား ရမည်ဖြစ်ပြီး ဘရာဇီး ကစားသမားများ ဖြစ်သည့် ဖေဘီယာနို၊ ဂျီအိုဗန် နီယိုတို့နှင့် တွဲဖက် ကစား ရမည် ဖြစ်သည်။
တီယန်ဂျင်း အသင်းသည် ပြီးခဲ့သည့် လကမှ ဘယ်လ်ဂျီယံ ကစားသမား ၀ှစ်ဆယ်ကိုလည်း ဇင်းနစ် အသင်းမှ ခေါ်ယူထားသည်။
ကစားသမားသစ် ၀ှစ်ဆယ်က အသင်းသို့ ထပ်မံရောက်ရှိ လာသည့် ပါတိုကို ကြိုဆိုခဲ့ပြီး ၎င်းတို့နှစ်ဦး တွဲဖက် ရိုက်ကူးထားသည့် ဓာတ်ပုံကို လူမှု ကွန်ယက် စာမျက်နှာတွင် ဖော်ပြ ခဲ့သည်။
From : Myanmar Now by အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com

No comments:
Post a Comment