မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 8, 2017

အက်ဖ်အေဖလား အဲဗာတန် ၁-၂ လက်စတာ (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင်သွားတဲ့ အက်ဖ်အေဖလား တတိယ အဆင့်မှာပဲ လက်စတာ အသင်းက အဲဗာတန်ကို အဝေးကွင်းမှာ ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲမှာ အိမ်ရှင် အဲဗာတန်က ၆၃ မိနစ်မှာ တိုက်စစ်မှူး လူကာကူ သွင်းတဲ့ ဂိုးနဲ့ ဦးဆောင်နိုင် ခဲ့ပါတယ်။

ဒါပေမယ့် နောက်ထပ် ၃ မိနစ် အကြာမှာ လက်စတာ အတွက် ချေပဂိုးကို လူစား ၀င်လာတဲ့ မူဆာက သွင်းယူ ပါတယ်။

လက်စတာဟာ အဓိက ကစားသမား တချို့ကို အာဖရိကဖလားပြိုင်ပွဲ အတွက် စေလွှတ် ထားရပြီး သူတို့ မပါဘဲနဲ့ ယှဉ်ပြိုင် သွားရတာပါ။

ဒီပွဲမှာ အဲဗာတန်က ဘောလုံး ပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။

လက်စတာအတွက် အနိုင်ဂိုးကို မူဆာကပဲ ၇၁ မိနစ်မှာ သွင်းယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183092

No comments:

Post a Comment