မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 8, 2017

အာဆင်နယ်အသင်း ပရင်စတန်ကို ၂-၁ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား တတိယ အဆင့်မှာ အာဆင်နယ်က တိုက်စစ်မှူး ဂျီရူးသွင်းတဲ့ နောက်ကျဂိုးနဲ့ ပရင်စတန် အသင်းကို ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ချန်ပီယံရှစ် တန်းက အိမ်ရှင် ပရင်စတန် အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာ ရော်ဘင်ဆန်က သွင်းယူပါတယ်။

အာဆင်နယ်အတွက် ချေပဂိုးကို ၄၆ မိနစ်မှာ ရမ်းဆေးက သွင်းယူပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ အဓိက ကစားသမားတော်တော်များများကို အနား ပေးထားပြီး အရန် ကစား သမားတွေနဲ့ ယှဉ်ပြိုင် သွားပါတယ်။

အာဆင်နယ်ပဲ တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့်လည်း ၁၈ ကြိမ် ရခဲ့ပါတယ်။ အနိုင်ဂိုးကို ၈၉ မိနစ်မှာ တိုက်စစ်မှူး ဂျီရူးက သွင်းယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက် သွားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183081

No comments:

Post a Comment