မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, January 8, 2017

အက်ဖ်အေဖလားတွင် မန်ယူက ရက်ဒင်းကို ၄ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်မှာ မန်ယူက အိမ်ကွင်းမှာ ချန်ပီယံရှစ် တန်းက ရက်ဒင်း အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။

မန်ယူက ဒီပွဲမှာ အဓိက ကစားသမား တချို့ကို အနားပေး ထားပြီး တိုက်စ်မှူး ရွန်နီကို ပွဲထွက် အသုံးပြု သွားပါတယ်။

ဦးဆောင်ဂိုးကို ပွဲအစ ၇ မိနစ်မှာ တိုက်စစ်မှူး ရွန်နီက သွင်းယူ ပါတယ်။ ဒီဂိုးဟာ မန်ယူ အတွက် ရွန်နီ သွင်းပေးတဲ့ ၂၄၉ ဂိုးမြောက် ဂိုးဖြစ် သလို တိုက်စစ်မှူးကြီး ဘော်ဘီ ချာလ်တန် မန်ယူ အသင်းမှာ တင်ထားတဲ့ ၂၄၉ ဂိုး စံချိန်ကို အမှီလိုက်နိုင် ခဲ့ပါတယ်။

ဒုတိယဂိုးကို တိုက်စစ်မှူး မာရှယ်က သွင်းယူပြီး ပထမပိုင်းကို ၂ ဂိုးအသာနဲ့ ဦးဆောင်နိုင် ခဲ့ပါတယ်။

ဒုတိယပိုင်း မှာလည်း မန်ယူကပဲ ထိုးဖောက် ကန်သွင်းခွင့်တွေ ပိုရခဲ့ပြီး တတိယဂိုးနဲ့ အပိတ်ဂိုးကို တိုက်စစ်မှူး ရက်စ်ဖို့ဒ်က သွင်းယူပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူဟာ အက်ဖ်အေ ဖလား စတုတ္ထ အဆင့်ကို တက်ရောက် သွားပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/183081

No comments:

Post a Comment