
ဘယ်ဂျီယံ ကွင်းလယ် သမား ၀စ်ဆယ်ဟာ တရုတ် စူပါလိဂ် ကလပ် တီယန်ကျင် ခွေနီယာ အသင်းကို ပြောင်းရွှေ့သွားပါတယ်။
အသက် ၂၇ နှစ် အရွယ် ကွင်းလယ် သမား ၀စ်ဆယ်ဟာ ရုရှား ကလပ် ဇီနစ် စိန့်ပီတာစ်ဘတ် အသင်းကနေ ပြောင်းသွားတာပါ။
သူဟာ ဂျုဗင်တပ် အသင်းက ကမ်းလှမ်း တာကို ပယ်ချပြီး တရုတ် ကလပ်ကို ရွေးချယ် လိုက်တာ ဖြစ်ပါတယ်။
ကာယကံရှင် ဖြစ်တဲ့ ၀စ်ဆယ်က ဂျုဗင်တပ်က ထိပ်တန်း အသင်းဖြစ်လို့ ငြင်းပယ်ရတာ ခက်ပါတယ်။ တဖက်မှာလည်း မိသားစု အခြေအနေကြောင့် ရွေးချယ် လိုက်ရတာလို့
ပြောပါတယ်။
ဘယ်ဂျီယမ် ကစားသမားဟာ တရုတ်စူပါလိဂ်ကလပ်တွေကို နောက်ဆုံး ရောက်ရှိလာတဲ့ ဥရောပက ထိပ်တန်း ကစားသမားလည်း ဖြစ်ပါတယ်။
တီယန်ကျင် ခွေနီယာအသင်းဟာ တရုတ်စူပါလိဂ်ကို တန်းတက်လာတဲ့အသင်း ဖြစ်ပြီး အီတလီ နောက်ခံ ကစားသမားဟောင်း ကန်နာဗာရို နည်းပြအဖြစ် တာဝန်ယူထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182675






No comments:
Post a Comment