Sunday, January 1, 2017
Miss Tourism International 2016 ဆု နယူးဇီလန် အလှမယ် ဆွတ်ခူး
မလေးရှား နိုင်ငံမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ကျင်းပတဲ့ Miss Tourism International 2016 အလှမယ် ရွေးချယ်ပွဲမှာ နယူးဇီလန် နိုင်ငံသူ အေရီယယ် ပီရာဆီးစ်က အလှမယ် ဆုကို ဆွတ်ခူး သွားပါတယ်။
၁၉ ကြိမ်မြောက် ကျင်းပတဲ့ ဒီအလှမယ် ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၆၀ မှ အလှမယ်တွေ ပါဝင် ယှဉ်ပြိုင် ခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံမှ အလှမယ် ခေးလရောင်လည်း သွားရောက် ယှဉ်ပြိုင် ခဲ့တာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ Miss Tourism International 2016 အလှမယ်ဆုအပြင် တခြားဆုတွေကိုလည်း ရွေးချယ်ပေးအပ်ခဲ့တာပါ။
မက္ကဆီကိုအလှမယ် ဆီမန်နာ ဒယ်လ်ဂါဒိုမန်ဒတ်စ်က Dream Girl of The Year 2016-17 ဆုကို ရရှိခဲ့ပြီး သြစတြေးလျအလှမယ် တာရှာရော့စ်က Miss Tourism Global 2016 ဆု၊ ဘရာဇီးအလှမယ် သိုင်နာမက်ဂ်ဟေးလ်စ်ကတော့ Miss Tourism Cosmopolitan ဆုတွေ အသီးသီးရရှိခဲ့တာပါ။
တခြားဆုတဆုဖြစ်တဲ့ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှ ပါဝင်ယှဉ်ပြိုင်သူ အလှမယ်တွေထဲက ရွေးချယ်ပေးအပ်တဲ့ Miss South East Asia ဆုကိုတော့ အင်ဒိုနီးရှားအလှမယ် ဒစ်ခ်နာ ဖာရာဒီဘာက ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒီဆုကို မြန်မာအလှမယ် ခေးလရောင် အပါအဝင် တခြား အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေမှ ပြိုင်ပွဲဝင်အလှမယ်တွေထဲက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/182181
Labels:
ရုပ်သံ,
အလှမယ်ရွေးပွဲများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment