Thursday, February 2, 2017
ဝက်စ်ဟမ်းကို ၄ ဂိုးပြတ်ဖြင့် မန်စီးတီး အနိုင်ရ (ရုပ်သံဟိုက်လိုက်)
ဖေဖော်ဝါရီ ၁ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးက ဝက်စ်ဟမ်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီးကို ရောက်ရှိလာတဲ့ ဘရာဇီး လူငယ်တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် ပွဲထွက်ပါဝင်လာပြီး အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့သလို ဒီပွဲအတွက် အကောင်းဆုံး ကစားသမားအဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲက တိုက်စစ်အတွဲဖြစ်တဲ့ စတာလင်၊ ဆာနေနဲ့ ဂျီးဆပ်တို့ကိုပဲ ပွဲထုတ်ခဲ့သလို ကွင်းလယ်မှာ ဒီဘရွန်း၊ ဆေးလ်ဗား၊ ယာယာတိုရေးတို့နဲ့ အထိုင်ချခဲ့ပါတယ်။
ဝက်စ်ဟမ်းရဲ့ အိမ်ကွင်းမှာ ကစားရတဲ့ ဒီပွဲမှာ မန်စီးတီးက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးယူ ကစားနိုင်ခဲ့ပါတယ်။
မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၇ မိနစ်မှာ ဒီဘရွန်း၊ ၂၁ မိနစ်မှာ ဆေးလ်ဗား၊ ၃၉ မိနစ်မှာ ဂျီးဆပ်နဲ့ ၆၇ မိနစ်မှာ ပယ်နယ်တီမှတဆင့် ယာယာတိုရေးတို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့ မန်စီးတီးဟာ ရမှတ် ၄၆ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၅ မှာ ရပ်တည်နေသလို ဝက်စ်ဟမ်းက ၂၈ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/187155
Labels:
ရုပ်သံ,
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment