
ဖေဖော်ဝါရီ ၇ ရက်ညက ယှဉ်ပြိုင်တဲ့ ရိုးမားနဲ့ ဖီအိုရင် တီးနားတို့ရဲ့ စီးရီးအေ အမှတ်ပေး ပွဲစဉ်မှာ ရိုးမားက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရ သွားပါတယ်။
ဒီပွဲ အနိုင်ရတဲ့ အတွက် ရိုးမား အသင်းဟာ အိမ်ကွင်း နောက်ဆုံး ၁၄ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်သစ် တင်နိုင် ခဲ့ပါတယ်။
ဒီပွဲမှာ နှစ်ဘက် ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိပေမယ့် ဂိုးကန်သွင်းခွင့်မှာတော့ ရိုးမားက အပြတ်အသာစီးရခဲ့သလို ရတဲ့အခွင့်အရေးတွေ အပိုင်အသုံးချနိုင်ခဲ့တဲ့ အတွက်လည်း အခုလို ဂိုးပြတ်အနိုင်ရခဲ့တာပါ။
ရိုးမားအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၉ မိနစ်နဲ့ ၈၃ မိနစ်တွေမှာ တိုက်စစ်မှူး ဒီဇက်ကို၊ ၅၈ မိနစ်မှာ ဖာဇီယိုနဲ့ ၇၅ မိနစ်မှာ နိုင်ဂိုလန်တို့က သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် ရိုးမားအသင်းဟာ ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဖီအိုရင်တီးနားကတော့ ၃၇ မှတ်နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။
Video From: CS SINTESI
Originally published at - https://youtu.be/LA1t8quDsTo
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188187

No comments:
Post a Comment