မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, February 8, 2017

ဘာစီလိုနာ စပိန် ဘုရင့် ဖလား ဗိုလ်လုပွဲ တက် (ရုပ်သံဟိုက်လိုက်)




စပိန် ဘုရင့် ဖလား ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ် အဖြစ် ဘာစီလိုနာနဲ့ အက်သလက် တီကိုတို့ ဖေဖော်ဝါရီ ၇ ရက်ညက ယှဉ်ပြိုင်ရာ တဘက် တဂိုးစီ သရကျ သွားပါတယ်။

ပထမ အကျော့ တီကို ကွင်းမှာ ယှဉ်ပြိုင် ခဲ့တုန်းက ဘာစီလိုနာက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ ခဲ့တဲ့ အတွက် နှစ်ကျော့ပေါင်း ရလဒ် ၃ ဂိုး ၂ ဂိုးနဲ့ ဘာစီလိုနာ အနိုင်ရပြီး နောက်ဆုံး ဗိုလ်လုပွဲ တက်ရောက် သွားပါတယ်။

ဒီပွဲဟာ ပွဲကြမ်း တပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံး အနီကတ်၊ အဝါကတ်တွေ ပလူပျံအောင် ပြသခံခဲ့ ရပါတယ်။

ဘာစီလိုနာ ကစားသမား ၂ ဦး နှစ်ဝါ တနီနဲ့ အထုတ်ခံ ခဲ့ရသလို တီကို ကစားသမား တဦးလည်း နှစ်ဝါ တနီနဲ့ပဲ အထုတ်ခံ ခဲ့ရပါတယ်။

ဒီပွဲမှာ နှစ်သင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်း ရှိခဲ့ပေမယ့် ထိုးဖောက် တိုက်စစ်ဆင် ဂိုးကန် သွင်းခွင့်မှာတော့ တီကိုက အသာ ရခဲ့ပါတယ်။

ဒါပေမယ့် အဖွင့်ဂိုးကိုတော့ ဘာစီလိုနာက ရရှိသွားပြီး ပွဲချိန် ၄၃ မိနစ်မှာ ဆွာရက်ဇ်က အနီးကပ် သွင်းယူပေးခဲ့တာပါ။

ဒီ့နောက် မိနစ် ၈၀ မှာ အက်သလက်တီကို ပယ်နယ်တီကန်သွင်းခွင့်ရပြီး တိုက်စစ်မှူး ဂါမဲရိုး ကန်သွင်းချက် ဂိုးပေါ်ထောင်သွားလို့ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့်လည်း ပွဲချိန် ၈၃ မိနစ်မှာ ဂါမဲရိုးကပဲ အနီးကပ်ပိတ်သွင်းပြီး အက်သလက်တီကိုအတွက် ချေပဂိုး သွင်းယူပေးခဲ့ပြီး ၁ ဂိုးစီ သရေကျသွားပါတယ်။

စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် နောက်ပွဲစဉ်အဖြစ် အလာဗက်စ်နဲ့ ဆယ်လ်တာဗီဂိုတို့ ဒီနေ့ည ယှဉ်ပြိုင်မှာဖြစ်ပြီး အနိုင်ရတဲ့အသင်းဟာ မေလ ၂၈ ရက်နေ့မှာ ဘာစီလိုနာနဲ့ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/188174

No comments:

Post a Comment