Thursday, February 2, 2017
ချယ်လ်ဆီး ကွင်းလယ် ကစားသမား ဟောင်း ဖရန့်လမ်းပတ် ဘောလုံးသမား ဘ၀မှ အနားယူပြီ
ဖေဖော်ဝါရီ ၃၊ အင်္ဂလန်
ပြီးခဲ့သည့် ရာသီက မေဂျာလိဂ် ကလပ် နယူးယော့ခ် စီးတီး အသင်းတွင် ကစား ခဲ့သည့် အင်္ဂလန် ကွင်းလယ် ကစားသမားဟောင်း ဖရန့်လမ်းပတ်က ဘောလုံး သမား ဘ၀မှ အနားယူပြီ ဖြစ်ကြောင်း လူမှုကွန်ယက် စာမျက်နှာမှ ထုတ်ပြန် ကြေညာ လိုက်သည်။
အသက် ၃၈ နှစ် အရွယ်ရှိ ချယ်လ်ဆီး ကစား သမားဟောင်းသည် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘ၀တွင် ၂၁ နှစ်ကြာ ကျင်လည် ခဲ့ပြီးနောက် အနားယူ ခဲ့ခြင်းဖြစ်သည်။
လမ်းပတ်သည် ချယ်လ်ဆီးအသင်းအတွက် ၆၄၉ ပွဲကစားပေးခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၀၆ ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်သည်။
‘ဘောလုံးဆက်ကစားဖို့ ကောင်းမွန်တဲ့ ကမ်းလှမ်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်က ဘ၀အတွက် နောက်ထပ်အခန်းတစ်ခန်းကို ကူးပြောင်းရတော့မယ့်အချိန် ဖြစ်ပါတယ်။
နည်းပြသင်ခန်းစာတွေကို သင်ယူခွင့်ပေးတဲ့ ဘောလုံးအဖွဲ့ချုပ်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်ချရတာက ကွင်းပြင်ပမှာလည်း အခွင့်အရေးတွေပိုမိုရရိအောင် ပြုလုပ်သွားဖို့ပါ’ ဟုလမ်းပတ်က ပြောဆိုခဲ့သည်။
လမ်းပတ်သည် ချန်ပီယံလိဂ်ဖလားနှင့် ပရီးမီးယားလိဂ်ဖလား ၂ လုံးအပါအ၀င် အဓိက ဆုဖလားပေါင်း ၁၁ လုံးအထိ ရရှိခဲ့သူဖြစ်သည်။
လမ်းပတ်သည် ပရီးမီးယားလိဂ်တွင် တတိယပွဲအများဆုံး ကစားထားသူဖြစ်သလို ဂိုးပေါင်း ၁၇၇ ဂိုးဖြင့် စတုတ္ထဂိုးသွင်းအများဆုံးကစားသမားလည်း ဖြစ်သည်။ ထို့အပြင် ပရီးမီးယားလိဂ်တွင် မည်သည့်ကစားသမားမှ လမ်းပတ်လောက် ဧရိယာစည်းအပြင်မှ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ဘဲ ၎င်းမှာ ၄၁ ဂိုးအထိသွင်းယူနိုင်ခဲ့သည်။
ရည်ညွှန်း ဘီဘီစီ
From : မဇ္ဈိမ မီဒီယာ by mizzima
Originally published at - http://mizzimaburmese.com/article/23108
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment