
ဖေဖော်ဝါရီ ၈ ရက်ညက ယှဉ်ပြိုင်သွားတဲ့ စပိန် ဘုရင့်ဖလား ဆီမီး ဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်မှာ အလာဗက်စ် အသင်းက ဆဲလ်တာဗီဂို အသင်းကို ၁ ဂိုးတည်းနဲ့ နိုင်ပြီး ဗိုလ်လုပွဲကို တက်ရောက် သွားပါတယ်။
အလာဗက်စ် အသင်း အတွက်တော့ ၉၆ နှစ် အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် စပိန်ဘုရင့် ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်တာ ဖြစ်ပါတယ်။
ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာတုန်းက ဂိုးမရှိသရေကျခဲ့ပြီး အိမ်ကွင်းပွဲစဉ်ကြမှ အလာဗက်စ်အသင်းက အနိုင်ရသွားတာပါ။
အလာဗက်စ်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ၈၂ မိနစ်မှာ မန်ဒက်စ်က သွင်းယူပါတယ်။
အလာဗက်စ်အသင်းဟာ စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ နာမည်ကြီး ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ လာမယ့် မေလ ၂၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188339






No comments:
Post a Comment