ဖေဖော်ဝါရီ ၈ ရက်ညက ယှဉ်ပြိုင် သွားတဲ့ အက်ဖ်အေ ဖလား စတုတ္ထ အဆင့် ပြန်ကန် ပွဲစဉ်မှာ လက်စတာက ဒါဘီ အသင်းကို အချိန်ပို သွင်းဂိုး တွေနဲ့ အနိုင်ရ သွားပါတယ်။
လက်စတာ အသင်း အတွက် ဒီနှစ်ထဲမှာ ပထမဆုံး အကြိမ် အဖြစ် အိမ်ကွင်း ပွဲစဉ်မှာ အနိုင်ရတာ ဖြစ်ပါတယ်။
ဒီနှစ်သင်း ဇန်နဝါရီ ၂၈ ရက်နေ့ ဒါဘီကွင်းမှာ ယှဉ်ပြိုင် ခဲ့စဉ်က ၂ ဂိုးစီ သရေကျ ခဲ့လို့ အခု လက်စတာ အိမ်ကွင်းမှာ ပြန်ကန် ခဲ့ရတာပါ။
ဒီပွဲစဉ်မှာ လက်စတာ အတွက် ဦးဆောင်ဂိုးကို ကင်းက ၄၆ မိနစ် ခေါင်းတိုက်ပြီး သွင်းယူ ခဲ့ပါတယ်။
ချန်ပီယံရှစ် တန်းက ဒါဘီ အတွက် ချေပ ဂိုးကို ၆၁ မိနစ်မှာ ကာမာရာက ပြစ်ဒဏ်ဘောက တဆင့် သွင်းယူပေးခဲ့တာပါ။
မိနစ် ၉၀ အထိ ဂိုးထပ်မသွင်းနိုင်ဘဲ ၁ ဂိုးစီ သရေကျနေလို့ အချိန်ပိုအထိ ဆက်ခဲ့ရပါတယ်။
အချိန်ပို ၉၄ မိနစ်မှာ အမ်ဒီဒီနဲ့ ၁၁၄ မိနစ်မှာ ဂရေးတို့က လက်စတာအတွက် ဂိုးတွေသွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ လက်စတာဟာ အက်အေဖလား ပဉ္စမအဆင့်မှာ ပထမတန်းက မီလ်ဝေါလ်အသင်းနဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/188339
No comments:
Post a Comment