Tuesday, February 28, 2017
လိဂ်ဖလားသည် နည်းပြ မော်ရင်ဟို အတွက် ၁၉ ခုမြောက် ဖလားဖြစ်
မန်ချက်စတာ ယူနိုက်တက် အသင်း ရရှိတဲ့ လိဂ်ဖလား ချန်ပီယံ ဆုဟာ နည်းပြ မော်ရင်ဟို အတွက်တော့ နည်းပြ လုပ်သက် အတွင်းမှာ ၁၉ ခုမြောက် ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
နည်းပြ မော်ရင်ဟို မန်ယူ အသင်းကို ပထမဆုံး ရောက်တဲ့နှစ် မှာပဲ ဖလား တလုံးကို ရယူပေး လိုက်တာပါ။
ပေါ်တူဂီသား နည်းပြဟာ သူကိုင်တွယ်တဲ့ အသင်းတိုင်းကို ချန်ပီယံဆု ရယူပေးတဲ့ အစဉ် အလာရှိတဲ့ နည်းပြလည်း ဖြစ်ပါတယ်။
သူဟာ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်နဲ့ ရီးရဲလ် မက်ဒရစ် အသင်းတို့မှာ နည်းပြ လုပ်ခဲ့ ပါတယ်။
အသက် ၅၄ နှစ် အရွယ် နည်းပြဟာ ဆုဖလား အနေနဲ့ ချန်ပီယံလိဂ် ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ် ၁ ကြိမ်၊ ပရီးမီးယားလိဂ် ဖလား ၃ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ လာလီဂါ ၁ ကြိမ်၊ စီးရီးအေ ၂ ကြိမ် စတဲ့ ဆုဖလားတွေ ရယူ ထားပါတယ်။
နည်းပြ မော်ရင်ဟိုရဲ့ မန်ယူအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာလည်း ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပါတယ်။
ဒါ့အပြင် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/191939
Labels:
နည်းပြများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment