မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Tuesday, February 28, 2017

တိုက်စစ်မှူး ဗာဒီ ခြေစွမ်းပြပြီး လက်စတာက လီဗာပူးကို ၃ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)




ဖေဖော်ဝါရီ ၂၇ ရက်ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လက်စတာ အသင်းက လီဗာပူးကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

လက်စတာ အသင်းဟာ နည်းပြ ရေနီယာရီ အထုတ်ခံ ရပြီး ပထမဆုံး ကန်တဲ့ ပွဲမှာပဲ ဂိုးပြတ်နဲ့ အနိုင်ရတာ ဖြစ်ပါတယ်။

လက်စတာ အတွက် ဦးဆောင်ဂိုးကို ၂၈ မိနစ်မှာ တိုက်စစ်မှူး ဗာဒီက သွင်းယူပါတယ်။

တိုက်စစ်မှူး ဗာဒီအတွက်တော့ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်မှာ ဂိုးပြန်သွင်းနိုင်တာ ဖြစ်ပါတယ်။

ဒုတိယဂိုးကို ၃၉ မိနစ်မှာ ဒရင့်ခ်ဝါတာက သွင်းယူပါတယ်။

ဒီပွဲမှာ လီဗာပူးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရှိခဲ့ပါတယ်။

လီဗာပူးအသင်း ဂိုးရဖို့ ရုန်းကန် ကစားသွားရပါတယ်။

လက်စတာအတွက် တတိယဂိုးကို မိနစ် ၆၀ မှာ တိုက်စစ်မှူး ဗာဒီကပဲ သွင်းယူပါတယ်။

ဒီပွဲမှာ တိုက်စစ်မှူး ဗာဒီ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားပါတယ်။

လီဗာပူးအတွက် တလုံးတည်းသော ချေပဂိုးကို ၆၈ မိနစ်မှာ ကော်တင်ဟိုက သွင်းယူပါတယ်။

ဒီပွဲနိုင်လို့ လက်စတာဟာ ၂၄ မှတ်နဲ့ အဆင့် ၁၅ နေရာကို တက်သွားပြီး လီဗာပူးကတော့ ၄၉ မှတ်နဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/191924

No comments:

Post a Comment