Thursday, February 2, 2017
မော်ရင်ဟို၏ လက်အောက်မှာထက် ကွန်တီ၏ လက်အောက်တွင် နည်းစနစ်ပိုင်း ပိုမို လေ့ကျင့် ရသည်ဟု ဟက်ဇက် ဖွင့်ဟ
ဖေဖော်ဝါရီ ၃၊ အင်္ဂလန်
ချယ်လ်ဆီး တိုက်စစ် ကစား သမား ဟက်ဇက်က နည်းပြဟောင်း မော်ရင်ဟို၏ လက်အောက် မှာထက် လက်ရှိ နည်းပြ ကွန်တီ၏ လက်အောက်တွင် နည်းစနစ်ပိုင်း ဆိုင်ရာ လေ့ကျင့် မှုများ ပိုလုပ် ရကြောင်း ဖွင့်ဟပြောဆို လိုက်သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်စက်တင်ဘာလက လီဗာပူးလ်နှင့်အာဆင်နယ်တို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် ၃-၄-၃ ကစားကွက်ကို ပြောင်းလဲကစားခဲ့ရာ ၁၃ ပွဲ ဆက်တိုက် အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးသို့ရောက်ရှိသွားခဲ့သည်။
‘ကွန်တီရဲ့လက်အောက်မှာ နည်းစနစ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို ပိုလုပ်ရပါတယ်။ ကွင်းထဲမှာ ဘာလုပ်ရမလဲဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသိကြပါတယ်။ ကျွန်တော်က နေရာတစ်ခုကို ရွှေ့ပြီဆို ခံစစ်ကစားသမားတွေက ဘယ်နေရာကို ရွှေ့ရမလဲဆိုတာ အလိုလို သိပြီးသားပါ။
မော်ရင်ဟိုကတော့ နည်းစနစ်ကိုပဲ ချမှတ်ပေးလိုက်ပါတယ်။ လေ့ကျင့်မှုတွေ အများကြီးမလုပ်ရပါဘူး။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုကစားရမလဲ ဆိုတာကို ကောင်း
ကောင်း သိကြပေမယ့် လေ့ကျင့် ထားတာနဲ့ ကတော့ အနည်းငယ် ကွာခြားမှု ရှိပါတယ်’ ဟု ဟက်ဇက်က ပြောဆိုခဲ့သည်။
ထို့အပြင် ဟက်ဇက်က မော်ရင်ဟို၏ ၄-၂-၃-၁ ကစားကွက်မှာထက် ကွန်တီ၏ ၃-၄-၃ ကစားကွက်တွင် ကစားရသည်မှာ ပို၍လွတ်လပ်ပြီး ကစားရ ပိုကောင်းကြောင်း ပြောဆိုခဲ့သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း
From : မဇ္ဈိမ မီဒီယာ by အောင်ငြိမ်းသွေး
Originally published at - http://mizzimaburmese.com/article/23113
Labels:
ဘောလုံးသမားများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment