
အဲဗာတန် အသင်း နည်းပြ ရော်နယ် ကိုးမန်းက မန်ယူ တိုက်စစ်မှူး ရွန်နီကို အသင်းဟောင်းဆီ ပြန်လာဖို့ တံခါးဖွင့် ထားတယ်လို့ ပြောဆို လိုက်ပါတယ်။
တိုက်စစ်မှူး ရွန်နီဟာ နည်းပြ မော်ရင်ဟို လက်ထက် ဒီနှစ်ရာသီမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေ ရပါတယ်။
အဲဗာတန် နည်းပြကတော့ တိုက်စစ်မှူး ရွန်နီကို အသင်းဟောင်းဖြစ်တဲ့ အဲဗာတန်ကို ပြန်လာဖို့ ကမ်းလှမ်း ထားပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ရွန်နီကို တရုတ် စူပါလိဂ် ကလပ်တွေက ကမ်းလှမ်းမှုတွေ လုပ်ခဲ့ပေမယ့် ကာယကံရှင် ကိုယ်တိုင်က ပယ်ချ ခဲ့ပါတယ်။
ရွန်နီဟာ အဲဗာတန်မှာ ကစားတုန်းက ၇၇ ပွဲမှာ ၁၇ ဂိုး သွင်းယူပေး ထားပါတယ်။
သူဟာ မန်ယူအသင်း မှာလည်း စံချိန်တင် ဂိုးပေါင်း ၂၅၀ သွင်းယူ ထားပါတယ်။
လောလောဆယ် မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/192152





No comments:
Post a Comment