
၂၀၁၇ မတ်လ အတွင်း ယှဉ်ပြိုင် ခဲ့တဲ့ ဘောလုံး ပွဲစဉ်တွေ ဖြစ်တဲ့ နိုင်ငံ အသီးသီးက ကလပ် အသင်း ပြိုင်ပွဲတွေ၊ နိုင်ငံ့ လက်ရွေးစင် ပြိုင်ပွဲတွေက အကောင်းဆုံး သွင်းဂိုး ၅၀ ကို စုစည်းပြီး ယူကျု အင်တာနက် စာမျက်နှာမှာ ဖော်ပြ ထားပါတယ်။
ဒီရုပ်သံဖိုင်အဖွင့်မှာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အင်္ဂလန် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ချဲလ်ဆီးကွင်းလယ်လူ ကန်တီရဲ့ မန်ယူဘက်ကို သွင်းယူခဲ့တဲ့ဂိုးကို ပြထားပါတယ်။
နိုင်ငံအသီးသီးက ကလပ်အသင်းတွေ၊ နိုင်ငံလက်ရွေးစင်အသင်းတွေရဲ့ ပြိုင်ပွဲအသီးသီးမှာ သွင်းယူခဲ့တဲ့ ကမ္ဘာကျော် တိုက်စစ်မှူးတွေ၊ ကွင်းလယ်ကစားသမားတွေ၊ နောက်တန်းခံစစ်မှူးတွေ သွင်းဂိုး အစုံအလင်ကို ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/198362





No comments:
Post a Comment