
ဝေဖန် မှုတွေနဲ့ ရင်ဆိုင်နေ ရတဲ့ အာဆင်နယ် နည်းပြ အာစင် ဝင်းဂါးကို အသင်းရဲ့ မန်နေဂျာ အဖြစ် ဆက်ရှိနေ သင့်တယ်လို့ အာဆင်နယ် တိုက်စစ်မှူး တဦးဖြစ်တဲ့ အဲလက်စ် အိုင်ဝိုဘီက ပြောလိုက် ပါတယ်။
အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ ပွဲမှာ ၄ ပွဲရှုံးနိမ့်ပြီး အမှတ်ပေး ဇယားမှာ အဆင့် ၆ နေရာထိ ဆင်းသွား ခဲ့ရတဲ့ အတွက် ဝင်းဂါးကို ပရိသတ်တွေက ပြင်းပြင်း ထန်ထန် ဝေဖန် ခဲ့ကြတာပါ။
ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းကို နှစ်ကျော့ပေါင်းရလဒ် ၁၀ ဂိုး – ၂ ဂိုးနဲ့ ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာကလည်း ဖိအားတခု ဖြစ်လာနေခဲ့တာပါ။
အသက် ၆၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဝင်းဂါးကတော့ မကြာခင်မှာ သူ့ရဲ့အနာဂတ်အတွက် ဆုံးဖြတ်ချက်တခုချမယ်လို့ ပြောခဲ့ပါတယ်။
အသက် ၂၀ အရွယ်ရှိ အာဆင်နယ်တိုက်စစ်မှူး အိုင်ဝိုဘီကတော့ “ကျနော့် ကိုယ်ပိုင်အမြင်ကတော့ သူဟာ တကယ့်ကို ကြီးကျယ်ခမ်းနားသူပါ။ ကျနော်ကတော့ သူ့ကို ဆက်ရှိနေစေချင်တယ်” လို့ ပြောလိုက်တာပါ။
ဝင်းဂါးရဲ့ စာချုပ်သက်တမ်းကာလဟာ အခုနှစ် ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် နောက်ထပ် ၂ နှစ်သက်တမ်းတိုးဖို့ သဘောတူ ကမ်းလှမ်းခံထားရတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/198399





No comments:
Post a Comment