
ဒေသအလိုက်ရရှိမယ့် ကမ္ဘာ့ဖလားဝင်ခွင့် ခွဲတမ်းတွေကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခွဲတမ်းသတ်မှတ်ချက်အရ အာဖရိကက ၉ နေရာ၊ အာရှက ၈ နေရာ၊ ဥရောပက ၁၆ နေရာ၊ ကွန်ကာကပ်ဖ်က ၆ နေရာ၊ သမုဒ္ဒရာပိုင်းက ၁ နေရာ၊ တောင်အမေရိကက ၆ နေရာဖြစ်ကြောင်း သိရှိရပါတယ်။
အခု ဖီဖာကထုတ်ပြန်လိုက်တဲ့ ဝင်ခွင့်ခွဲတမ်းအရ အာဖရိကနဲ့ အာရှဒေသတွေက ခွဲတမ်းအများဆုံး မြင့်တက်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်း ၃၂ သင်းနဲ့ ကျင်းပနေပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရုရှား၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံတို့မှာ ကျင်းပသွားမှာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်တော့ အိမ်ရှင်နိုင်ငံ ရွေးချယ်ရခြင်း မရှိသေးဘဲ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်၊ ကိုလံဘီယာ၊ သြစတြေးလျ၊ နယူးဇီလန်၊ အင်္ဂလန်၊ မော်ရိုကိုနဲ့ တူရကီနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စိတ်ဝင်စားနေပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/198553

No comments:
Post a Comment