![]() |
Arsene Wenger, Arsenal manager |
တိုက်စစ်မှူး ဆန်းချက်နဲ့ ကွင်းလယ် သမား အိုဇေးတို့ အာဆင်နယ် အသင်းမှာပဲ ဆက်နေ လိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြ အာစင်ဝင်းဂါးက ပြောပါတယ်။
စာချုပ်သစ် ချုပ်နိုင်ဖို့ အသက် ၂၈ နှစ် အရွယ် အိုဇေးနဲ့ စကားပြောဆို မှုတွေ လုပ်နေပြီး ဆန်းချက်နဲ့ လည်း ဒီနှစ်နွေရာသီ မတိုင်ခင် အပြီးသတ် ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
နည်းပြ ၀င်းဂါးက သူတို့ နှစ်ယောက်လုံး အသင်းမှာ ဆက်နေ မယ်လို့ ယုံကြည် သလို အသင်း အနေနဲ့လည်း ဖြေရှင်းနိုင် လိမ့်မယ်လို့ ဆိုထား ပါတယ်။
ကစားသမား နှစ်ယောက်စလုံးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နှစ် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကစားသမားတွေ အသင်းမှာ ဆက်နေဖို့ ပြောဆိုနေပေမယ့်လည်း နည်းပြ ၀င်းဂါး ကိုယ်တိုင်ကတော့ သူ့အနာဂတ်နဲ့ ပတ်သက်လို့ ရှင်းရှင်း လင်းလင်း ပြောဆိုခြင်း မရှိသေးပါဘူး။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/198801

No comments:
Post a Comment