မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 2, 2017

လီဗာပူးက အဲဗာတန်ကို ၃-၁ ဂိုးဖြင့် အနိုင်ရ (ရုပ်သံဟိုက်လိုက်)




စနေနေ့ ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးးယားလိဂ် ပွဲစဉ်မှာ လီဗာပူးက အဲဗာတန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

မြို့ခံ ပြိုင်ဘက် နှစ်သင်း ဆုံတာ ဖြစ်လို့ အကြိတ် အနယ် ရှိခဲ့ပါတယ်။ လီဗာပူး အတွက် ဦးဆောင် ဂိုးကို ပွဲအစ ၈ မိနစ်မှာ တိုက်စစ်မှူး မာနေးက သွင်းယူ ပါတယ်။

နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားနိုင်လို့ ပရိသတ်အကြိုက် ပွဲကောင်းတပွဲလည်း ဖြစ်ခဲ့ပါတယ်။

အဲဗာတန်အတွက် ချေပဂိုးကို ၂၈ မိနစ်မှာ ပန်နင်တန်က သွင်းယူပါတယ်။ ဒီပွဲမှာ အဲဗာတန် တိုက်စစ်မှူး လူကာကူ ဂိုးရဖို့ ရုန်းကန် ကစားသွားရပါတယ်။

လီဗာပူးအတွက် ဒုတိယဂိုးကို ၃၁ မိနစ်မှာ ကော်တင်ဟိုက သွင်းယူပါတယ်။ ဒီပွဲမှာ ဘရာဇီး ကစားသမား ကော်တင်ဟို ခြေစွမ်ပြကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံရပါတယ်။ အိမ်ရှင် လီဗာပူးအတွက် တတိယဂိုးကိုတော့ မိနစ် ၆၀ မှာ အောရီဂီက သွင်းယူပါတယ်။

ဒီပွဲနိုင်လို့ လီဗာပူးဟာ ၅၉ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး အဲဗာတန်ကတော့ အမှတ် ၅၀ နဲ့ အဆင့် ၇ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198958

No comments:

Post a Comment