မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, April 2, 2017

မန်ယူအသင်း ၀က်စ်ဘရွန်းနှင့် ဂိုးမရှိ သရေကျ (ရုပ်သံဟိုက်လိုက်)




မနေ့ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာပဲ မန်ယူက ၀က်စ် ဘရွန်းကို ဂိုးမရှိ သရေကျ သွားပါတယ်။

ဒီပွဲသရေ ကျလို့ မန်ယူ အသင်းရဲ့ အမှတ်ပေး ဇယားမှာ အဆင့် ၄ ၀င်ရေး မျှော်လင့်ချက်တွေ ထိခိုက် သွားရ ပါတယ်။

နည်းပြ မော်ရင်ဟိုရဲ့ မန်ယူ အသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၁ ပွဲအထိ သရေကျ ထားပါတယ်။ ဒီပွဲမှာလည်း ၀က်စ်ဘရွန်း အသင်းကို တဖက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင် ခဲ့ပါတယ်။

မန်ယူက ထိုးဖောက်ကန်သွင်းခွင့် တော်တော်များများ ရပေမယ့် ကစားသမားတွေ အခွင့်အရေးကို အသုံးမချနိုင်လို့ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲသရေကျလို့ မန်ယူက ၅၃ မှတ်နဲ့ အဆင့် ၅ မှာ ရှိနေပြီး ၀က်စ်ဘရွန်းက ၄၄ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပါတယ်။



From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/198994

No comments:

Post a Comment