
အက်သလက် တီကို မက်ဒရစ် တိုက်စစ်မှူး ဖာနန်ဒို တောရက်စ်ဟာ ဦးခေါင်းမှာ ထိခိုက် ထားတဲ့ ဒဏ်ရာကနေ သက်သာ လာတဲ့ အတွက် ဆေးရုံ ကနေ မနေ့က ဆင်းနိုင် ခဲ့ပါတယ်။
တိုက်စစ်မှူး တော်ရက်စ်ဟာ မတ် ၂ ရက်နေ့က ဒီပိုတီဗို အသင်းနဲ့ ၁ ဂိုးစီ သရေကျတဲ့ ပွဲမှာ ခေါင်းမှာ ထိခိုက် ဒဏ်ရာရ ခဲ့တာပါ။ တောရက်စ်ဟာ တဖက်ကစားသမားနဲ့ တိုက်မိပြီး ကွင်းထဲမှာ သတိလစ် သွားလို့ ဆေးရုံမှာ ၄၈ နာရီကြာ အနားယူ ကုသခဲ့ရ အပြီးမှာ ပြန်ဆင်းနိုင်တာ ဖြစ်ပါတယ်။
တိုက်စစ်မှူးကတော့ အဲဒီနေ့က အဖြစ်အပျက်မှာ ကူညီပေးတဲ့ နှစ်ဖက် ကစားသမားတွေ ပရိသတ်တွေနဲ့ ဆိုရှယ် မီဒီယာကနေ အားပေးတဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။
ဒါ့အပြင် သူ့အနေနဲ့ အမြန်ဆုံး သက်သာ ပျောက်ကင်းပြီး ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်းလည်း ဆိုထားပါတယ်။
တိုက်စစ်မှူး တောရက်စ်ဟာ လီဗာပူးနဲ့ ချဲလ်ဆီးတို့မှာလည်း ကစားခဲ့ဖူးပြီး စပိန်အသင်းကို ၂၀၀၈ မှာ ဥရောပ ချန်ပီယံ ဖြစ်အောင် ကူညီထားပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/192926

No comments:
Post a Comment