
မန်ယူ နည်းပြ မော်ရင်ဟိုက တိုက်စစ်မှူးတွေ jဖစ်တဲ့ ရွန်နီနဲ့ အီဗရာဟီ မိုဗစ်ခ်ျတို့က အသင်းမှာပဲ ဆက်နေ စေချင်တယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။
အသက် ၃၁ နှစ် အရွယ် တိုက်စစ်မှူး ရွန်နီကို အသင်းမှာ ရာနှုန်းပြည့် ဆက်နေ စေချင်သလို အီဗရာဟီ မိုဗစ်ခ်ျကိုလည်း စာချုပ် သက်တမ်း တိုးဖို့ မျှော်လင့် တယ်လို့ နည်းပြ ပြောပါတယ်။
အင်္ဂလန် တိုက်စစ်မှူးကို အသင်းဟောင်း အဲဗာတန် ကလည်း ခေါ်ယူဖို့ ချိတ်ဆက် မှုတွေ ပြုလုပ် ခဲ့ပါတယ်။
ဆွီဒင် တိုက်စစ်မှူးဟောင်း အီဗာရာဟီမိုဗစ်ခ်ျအနေနဲ့လည်း မန်ယူနဲ့ နောက်ထပ် ၁ နှစ်စာချုပ် သက်တမ်းတိုး အခွင့်အရေး ရှိနေပါတယ်။
အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ယူမှာ စကစားတဲ့ ပြီးခဲ့တဲ့ ဇူလိုင်ကနေ ၃၈ ပွဲမှာ ၂၆ ဂိုးအထိ သွင်းပေးထားပါတယ်။
နည်းပြ မော်ရင်ဟိုကတော့ လာမယ့် ရာသီသစ်မှာ တိုက်စစ်မှူး နှစ်ယောက်စလုံးကို အသင်းမှာ ဆက်ရှိနေစေ လိုတယ်လို့ ဆိုထား ပါတယ်။
From : ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/192912





No comments:
Post a Comment